ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်မှုဆောင်နှင့် ဗဟိုကော်မတီဝင်တို့မှ ပေါင်မြို့နယ် ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး စည်းမှူးများအား တွေ့ဆုံ

မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ (၁၀) ရက် နေ့လည် (၁၁) နာရီအချိန်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင် မွန်ပြည်နယ် ပါတီဥက္ကဌ ဦးအောင်ကြည်သိန်း၊ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီ အတွင်း ရေးမှူး ဦးဝင်မော်ဦးတို့မှ မြို့နယ်ပါတီ ကော်မတီဝင်များနှင့် ရပ်/ကျေးစည်းမှူး များအား တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်နယ်ပါတီဥက္ကဌ ဦးအောင်ကြည်သိန်းမှ ဗဟိုပါတီဌာနချုပ် ၏ လမ်းညွှန်ချက်များ၊ ပြည်နယ်ပါတီအတွင်းရေးမှူးမှ မိမိပါတီရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အား ချပြဆွေးနွေးကာ တက်ရောက်လာကြသော ပါတီကော်မတီဝင်များနှင့် ရပ်/ကျေးစည်းမှူးတို့မှ သိရှိလိုသည်များကို မေးမြန်းရာ ပြည်နယ်ပါတီဥက္ကဌမှ ရှင်းလင်းပြောကြား ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်ပါတီဥက္ကဌ၊ ပြည်နယ်ပါတီအတွင်းရေးမှူး၊ ပြည်နယ်ပါတီကော်မတီဝင် ဦးခင်မောင်ဇော်၊ သထုံခရိုင်ပါတီဥက္ကဌ ဦးကျော်မြင့်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးစောဥာဏ်ဝင်း၊၊ မော်လမြိုင်ခရိုင် ဥက္ကဌ ဦးစိုးထွန်းနှင့် အတွင်းရေးမှူး ဦးမင်းမြင့်မောင်လေး၊ ခရိုင်ပါတီ ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌ၊ မြို့နယ်ပါတီအတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်၊ မြို့နယ်အရန်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ စည်းမှူးများ စုစုပေါင်း အင်အား(၉၀)ဦး တက်ရောက်ခဲ့ကာ မွန်းလွဲ (၂) နာရီအချိန်တွင် တွေ့ဆုံပွဲ အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

# ပေါင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ


Leave a Reply