အမြင့်ဆုံးဆုကြေး ဒေါ်လာ ၃၀၀၀ အထိ ရရှိနိုင်မည့် PUBG MOBILE GAME ပြိုင်ပွဲကျင်းပမည်

မြန်မာနိုင်ငံတွင် အမြင့်ဆုံးဆုကြေး ဒေါ်လာ ၃၀၀၀ အထိ ရရှိနိုင်မည့် PUBG MOBILE GAME ပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို Game Caste Network Myanmar နှင့် Huawei တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ နိုင်ငံအနှံ့ရှိ ပြိုင်ပွဲဝင်များ ဖိတ်ခေါ်ပြီး လူရွေးပွဲအဆင့်ဆင့်ပြုလုပ်ကာ နိုင်ငံတကာစံချိန်မီကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အိမ်သုံး FTTH အင်တာနက်ဝန်ဆောင်မှု MPT ထပ်မံတိုးချဲ့

အိမ်သုံးအင်တာနက်လိုင်းဖြစ်တဲ့ FTTH အင်တာနက်ဝန်ဆောင်မှုကို ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်ရှိနေရာ အချို့မှာ ထပ်မံတိုးချဲ့လိုက်ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အလုံ၊ ဗဟန်း၊ ဒဂုံ၊ ကမာရွတ်၊ ကြည်မြင်တိုင်၊ ရန်ကင်းအစရှိတဲ့ မြို့နယ်တွေမှာ တိုးချဲ့ထားကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြေသာစံမြို့နယ်၊ ရှမ်းပြည်နယ်မှာ တောင်ကြီးမြို့ တို့မှာ တိုးချဲ့လိုက်ကြောင်း သိရပါတယ်။

M ပိုက်ဆံတွင် QR Code ဖြင့် ငွေပေးချေနိုင်ရန် Ooredoo ဆောင်ရွက်

M ပိုက်ဆံအသုံးပြုသူတွေ QR Code အသုံးပြုကာ ငွေပေးချေမှုတွေ ပြုလုပ်သွားနိုင်ဖို့ Ooredoo အနေနဲ့ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

Quick Response(QR) Code နဲ့ငွေပေးချေတာ၊ လျှပ်စစ်မီတာခ၊ ရေခွန်ပေးဆောင်တာနဲ့ အစိုးရနဲ့ဆိုင်တဲ့ ငွေပေးချေစနစ်တွေမှာ ငွေလွှဲပြောင်းမှုတွေလုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ M ပိုက်ဆံမှာ မိုဘိုင်းဖုန်း ကနေ တစ်ဆင့် ကျသင့်ငွေပေးဆောင်ခြင်း၊ သုံးစွဲသူအနေနဲ့ M ပိုက်ဆံ ကိုယ်စားလှယ်ကနေ တစ်ဆင့် ငွေသား ထုတ်ယူတာနဲ့ ဘဏ်စာရင်းအတွင်း ငွေလွှဲပြောင်းမှုတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ Foldable စမတ်ဖုန်းကို CES 2019 မှာ ပွဲထုတ်မိတ်ဆက်မယ့် LG

Samsung ဟာ ကုမ္ပဏီရဲ့ ခေါက်စမတ်ဖုန်းကို မကြာခင်မိတ်ဆက်သွားမယ်လို့ ကတိပြုထားပေမယ့်လည်း ပြည်တွင်းပြိုင်ဘက် ကုမ္ပဏီဖြစ်တဲ့ LG ရဲ့ ကျော်ဖြတ်ခြင်းကို ခံရဖွယ်ရှိနေပါတယ်။ Evan Blass ရဲ့ နောက်ဆုံးပေါ် tweet အရ LG ဟာ ကုမ္ပဏီရဲ့ ခေါက်စမတ်ဖုန်းကို CES 2019 မှာ ပွဲထုတ်မိတ်ဆက်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ငွေလက်ခံဘောင်ချာများကို အွန်လိုင်းမှရောင်းချနိုင်

ငွေလက်ခံဘောင်ချာတွေ ရောင်းဝယ်နိုင်တဲ့ အွန်လိုင်းဈေးကွက်ဖြစ်တဲ့ KyoPay နည်းပညာကို အောက်တိုဘာလ ၄ ရက်မှာ စတင် မိတ်ဆက်လိုက်ပါတယ်။ “အသေးစားနဲ့ အလတ်စား စက်မှုလက်မှုလုပ်ငန်းတွေအနေနဲ့ သူတို့ ရရှိဖို့ရှိတဲ့ ဘောင်ချာတွေကို Kyo Pay မှာ ဘောင်ချာတန်ဖိုးထက် လျှော့ရောင်းတာ (ဒါမှမဟုတ်) လျှော့ဈေးနဲ့ ရောင်းချခြင်းအားဖြင့် ငွေအမြန်ပေါ်စေမှာပါ၊ မြန်မာနိုင်ငံရဲ့ SME တွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုက ငွေပေးချေမယ့် ကုမ္ပဏီတွေက သူတို့ ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ လုပ်ထုံးလုပ်နည်းတွေအရ ငွေပေးချေမှု ကာလကို အချိန်ကြာကြာ သတ်မှတ်ထားပါတယ်။

Snapdragon 660 နဲ့ 8GB RAM ပါဝင်တဲ့ Realme 2 Pro တရားဝင်မိတ်ဆက်

Oppo ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Realme ဟာ ကုမ္ပဏီရဲ့ တတိယမြောက် စမတ်ဖုန်းဖြစ်တဲ့ Realme 2 Pro ကို မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ စမတ်ဖုန်းသစ်မှာ ၆.၃ လက်မ Full HD+ screen နဲ့ waterdrop notch (Realme အခေါ် Dewdrop) ပါဝင်ပါတယ်။ Snapdragon 660 chipset နဲ့အသုံးပြုနိုင်ပြီး memory option တွေကိုတော့ 8/128GB အထိ ရရှိနိုင်ပါတယ်။

စာအုပ်လှူဒါန်းပါက အခမဲ့ပို့ဆောင်ပေးမည့်စနစ် မြန်မာ့စာတိုက်လုပ်ငန်းက ဆောင်ရွက်မည်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းအနေနဲ့ စာအုပ်တွေလှူဒါန်းလို့ရှိရင် အခမဲ့ ပို့ဆောင်ပေးမယ့် စနစ်ကို စတင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိတဲ့ လူထုအခြေပြုဗဟိုဌာနတွေ (စာကြည့် တိုက်တွေ) ကို စာအုပ်ပေးပို့ လှူဒါန်းလိုလို့ရှိရင် အခမဲ့ပေးပို့မှာဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအနှံ့ မှာတည်ရှိတဲ့ စာတိုက်ပေါင်း ၇၉၃ ရုံးကနေ ဆောင်ရွက်ပေးမှာဖြစ်ကြောင်း မြန်မာ့စာတိုက်လုပ်ငန်းက သိရပါတယ်။

Meizu 16X ကို စက်တင်ဘာ ၁၉ ရက်တွင် ပွဲထုတ်မိတ်ဆက်မည်

Meizu 16 နဲ့ Meizu 16 Plus ကို လွန်ခဲ့တဲ့ တစ်လကျော်က မိတ်ဆက်ခဲ့ပြီးတဲ့နောက် တတိယမြောက်ဖုန်းဖြစ်တဲ့ Meizu 16X ကို စက်တင်ဘာ ၁၉ ရက် ဘေကျင်းမှာ မိတ်ဆက်ကြေညာ သွားမယ်လို့ သိရပါတယ်။

စိတ်ဝင်စားစရာက အဲဒီနေ့က ပြိုင်ဘက် Xiaomi ရဲ့ Mi 8X ကို မိတ်ဆက်ကြေညာမယ့်နေ့နဲ့ တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။