၈ ပြည်နယ်မူလက်မခံဟု ပြည်ခိုင်ဖြိုးပါတီက ၂၁ ရာစုပင်လုံညီလာခံတွင် ဆွေးနွေး

၈ ပြည်နယ်မူသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်နိုင်ကြာင်းနှင့် ဖက်ဒရယ်စနစ် ကျင့်သုံးရာတွင် ပထ၀ီ အနေအထားကိုအခြေခံသည့် ဖက်ဒရယ်စနစ် ကျင့်သုံးသင့်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြောကြားလိုက်သည်။

14141715_424029794438820_403997858308155036_n

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို နေပြည်တော်တွင် ယနေ့ ဒုတိယနေ့ အဖြစ် ဆက်လက်ကျင်းပ လျှက်ရှိရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင် ဦးမြင့်စိုးက ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ပါတီ၏ သဘောထားရပ်တည်ချက်များကို တင်ပြဆွေးနွေးရာတွင် ထည့်သွင်းပြောကြားသွားခြင်းဖြစ် သည်။

“ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးကိုဖော်ဆောင်တဲ့နေရာမှာ လူမျိုးစွဲ၊ ၀ါဒစွဲ ကျဉ်းမြောင်းတဲ့ မျိုးချစ် စိတ်ဓာတ်နဲ့ လူမျိုးကြီးဝါဒတို့ကို ရှောင်ရှားဖို့လိုအပ်ပါတယ်။ ပြည်ထောင်စုပြိုကွဲရေးကို ဦးတည်စေနိုင်တဲ့ ကွန်ဖက် ဒရေးရှင်း ပုံစံမျိုးမဖြစ်ဖို့လိုပါတယ်။ ယခင်သမိုင်းကြောင်းအရ ဒီမိုကရေစီဆိတ်သုဉ်းခဲ့ရတဲ့ ၈ ပြည်နယ်မူ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးစေနိုင်တဲ့ ၀ိဝါဒကွဲပြားစေနိုင်တဲ့ အမျိုးသားပြည်နယ်၊ အမျိုးသားများ ပြည်နယ်ဆိုတဲ့ အယူအဆတွေဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်နိုင်တဲ့အတွက် သတိပြုဆင်ခြင်သုံးသပ်သင့်ကြောင်း။”

ဒီကနေ့မှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့နှင့် အန်အယ်ဒီ၊ ပြည်ခိုင်ဖြိုးပါတီ နှင့် ရခိုင်အမျိုးသားပါတီအပါအ၀င် နိုင်ငံရေးပါတီအချို့က ကိုယ်စားလှယ်များမှ စာတမ်းများ တင်ပြဖတ်ကြားဖို့ရှိပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေမှ ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စများ ဆွေးနွေး ပြောကြားသွားကြောင်း သိရသည်။

#DVD


Leave a Reply