ရေမြောင်းတူးဖော်ပေးပြီး ကတ္တရာလမ်းခင်းပေးပါ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့၊ မြကန်သာရပ်ကွက်အနောက်ပိုင်း ဗာဂျီးနီးယားဆေးဂိုဒေါင် အနောက်ဘက် အမှတ်(၄) တောင်မြောက်လမ်းမကြီးမှစ၍ အမှတ်(၅)၊ အမှတ်(၆)၊ အမှတ်(၇) လမ်းမကြီးအတွင်းရှိ နေအိမ်များမှာ နှစ်စဉ်မိုးရွာသွန်းတိုင်း ရေကြီးနစ်မြုပ်လျက်ရှိပါတယ်။ ရပ်ကွက်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ ၀န်ထမ်းများ၊ ဈေးရောင်းဈေး ၀ယ်သူများအနေဖြင့် ရွှံ့ဗွက်များ၊ ရေများထဲတွင် ဆင်းရဲပင်ပန်းစွာ သွားလာနေကြရပါတယ်။

14102646_1257526857600158_5292199954261721869_n

ဒါနဲ့ပတ်သက်လို့ ၂၀၁၅ ခုနှစ် သြဂုတ် ၁၆ ရက် တနင်္ဂနွေနေ့ထုတ် ဒီမိုကရေစီတူဒေးသတင်းစာ “ပြည် သူ့အော်သံ” ကဏ္ဍတွင် ဖော်ပြပါရှိသော်လည်း ယနေ့အထိ ကွင်းဆင်းကြည့်ရှု လုပ်ကိုင်ဆောင်ရွက်ပေးခြင်း မရှိသေးပါ။

အခြားရပ်ကွက်များတွင် ကျောက်လမ်း၊ ကတ္တရာလမ်းများခင်းပေးနေသော်လည်း ကျွန်တော်တို့ရပ်ကွက်လမ်းများမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်သည်အထိ မြေသားလမ်း အဆင့်သာရှိပါသေးတယ်။

သို့ဖြစ်ပါ၍ ရေဘေးဒုက္ခများကင်းဝေးစေရန်အတွက် ပေါက်ကြီးကန်နှင့် လယ်မြေများဘက်သို့ ရေများ လျင်မြန်စွာ စီးဆင်းသွားနိုင်ရေးနှင့် တောင်မြောက်ပေ (၅၀)လမ်း မကြီး၊ အရှေ့အနောက် (၂၅)ပေလမ်းတို့ကို ကတ္တရာလမ်း အမြန်ဆုံးပြုလုပ်ပေးပါရန် ဒီမိုကရေစီတူဒေး သတင်းစာမှတစ်ဆင့် မြကန်သာရပ်ကွက်သားများမှ ဒုတိယအကြိမ် ထပ်မံတင်ပြထားကြောင်း သိရသည်။

‪#‎PeopleVoice
‪#‎Democracytoday


Leave a Reply