အိမ်မဲပြည်ခိုင်ဖြိုးပါတီမှ သဲအင်းဂူတောရကျောင်းဆရာတော်အား ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂၀၁၆ခုနှစ် ဇူလိုင်လ (၂၁) ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ပြည်ခိုင်ဖြိုးပါတီရုံးအပေါ်ထပ်တွင် သဲအင်းဂူဆရာတော် ဦးဥတ္တမသာရ အမှူးပြုသော ပင့်သံဃာ အရှင်သူမြတ်တို့ထံတွင် ငါးပါးသီလ နှင့် ပရိတ်တရားတော်များအား နာယူ၍ ဝါဆိုမြတ်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်း တို့အား ဆပ်ကပ် လှူဒါန်း ပူဇော်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားကို မြို့နယ်ပါတီဥက္ကဌ ဦးခင်မောင်ဝင်း¡ မြို့နယ်ပါတီ နာယက ဦးမြသန်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ ပါတီရုံးအဖွဲ့များ ဖိတ်ကြားထား သူများ တက်ရောက်ခဲ့ကြပါသည်။
USDP Ayeyarwady Region News