မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအမျိုးသမီးရေးရာအဖွဲ့ ထပ်ဆင့်ရှင်းလင်းပွဲနှင့် အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

91688436-29042016

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာအဖွဲ့၏ ထပ်ဆင့် ရှင်းလင်းပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီမှ ညနေပိုင်းအထိ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါပွဲတွင်မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသ ကြီးပါတီဥက္ကဋ္ဌ ဦးရဲမြင့်ကိုယ်စား တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးဝင်းမောင်က လုပ်ငန်းလမ်းညွှန် အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးပါတီကော်မတီဝင်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ တာဝန်ခံဒေါ်မြင့်မြင့်ဦးက ပါတီဗဟိုအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့၏ လမ်းညွှန်ချက်များကို ထပ်ဆင့် ရှင်းလင်းခဲ့ပြီး တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့၏ အလုပ်ရုံဆွေးနွေးပွဲကိုဆက်လက် ကျင်းပခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသမီးများ၏ဘဝလုံခြုံရေးနှင့် လူမှု စီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ကာကွယ်မြှင့်တင်ရန်နှင့် ပါတီဝင်အမျိုးသမီးများ၏ စွမ်းရည်မြင့်မား တိုးတက်ရေးနှင့် စည်ရုံးရေး ကျစ်လျစ် ခိုင်မာရေးကို ရပ်ကွက်၊ ကျေးရွာအဆင့်ထိဆောင်ရွက်ရန် အစရှိသည့်ခေါင်းစဉ်များ အပါအဝင်ဆွေးနွေးပွဲ ခေါင်းစဉ် ငါးခုဖြင့် တက်ရောက်လာသည့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး တိုင်း ဒေသကြီး အမျိုးသမီးရေးရာအဖွဲ့အနေဖြင့် ရှေ့လုပ်ငန်းစဉ်ကိုးရပ်ကို ချမှတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။


Leave a Reply