နွားထိုးကြီးမြို့နယ်ပါတီမျက်နှာစုံညီအစည်းအဝေး ကျင်းပပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင်လ (၅) ရက် နံနက် (၉) နာရီအချိန်က မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

13537760_504827242975456_4784054151531479367_n

အစည်းအဝေးသို့ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဝင်းမောင်နှင့် တိုင်း ပါတီကော်မတီဝင်များ၊ တိုင်းပါတီ ပြန်လည်ပြင်ဆင်ရွေးချယ်ရေး ကော်မတီ များ၊ ခရိုင်ပါတီအတွင်းရေးမှူးနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးစိုးနိုင်ဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီ ပြန်လည်ပြင်ဆင်ရွေးချယ်ရေး ကော်မတီနှင့် ရပ်ကွက်/ကျေးရွာ (၇၂) အုပ်စုမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၉၈) ဦး တက်ရောက်ခဲ့ကြသည်။

အစည်းဝေးတွင် သဘာပတိနှင့် ကိုယ်စားလှယ်ကြီးများ နေရာယူပြီး ရှေးဦးစွာ သဘာပတိ မြင်းခြံခရိုင် ပါတီအတွင်းရေးမှူး ဦးတင်အောင်ညွန့်က အဖွင့် အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် မြို့နယ်ကော်မတီဝင်အသစ် (၁၅) ဦး အရန်မြို့နယ် ကော်မတီဝင် (၁၅) ဦးတို့ကို လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် စိစစ်ရွေးချယ်ခဲ့ကြပြီး မြို့နယ်ကော်မတီဝင်အသစ် (၁၅) ဦးက ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး တို့ကို ရွေးချယ်ခဲ့ကြသည်။

ထို့နောက် ရွေးချယ်ခံရသော မြို့နယ်ကော်မတီဝင်များနှင့် အရန်မြို့နယ် ကော်မတီဝင်များက သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြု၍ ဥက္ကဋ္ဌအသစ် ဦးကြည်ဖေက အမှာစကားပြောကြားကာ သဘာပတိက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို ကြွေးကြော်သံများဖြင့် ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။

မဟာ (နွားထိုးကြီး)

Photo – Myo Kyaw Zin fb


Leave a Reply