(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး တက်ရောက်

 (၁၂-၂-၂၀၂၃)ရက်နေ့(၇)နာရီအချိန်တွင် ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်း၌ ၂၀၂၃-ခုနှစ်၊ ၇၆နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ၊ ဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှုး ဦးညွန့်ဆောင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမြတ်သူတို့ တက်ရောက်ခဲ့ကြပါသည်။

ယနေ့ကျင်းပပြုလုပ်သည့်ပြည်ထောင်စုနေ့အခမ်းအနားသို့ မန္တလေးမြိုအခြေစိုက်နိူင်ငံရေးပါတီများမှ ကိုယ်စားလှယ် များ တက်ရောက်ခဲ့ပြီး နိူင်ငံတော်အလံအား အလေးပြုကာ နိူင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိူင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် ၂၀၂၃-ခုနှစ်၊ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ သဝဏ်လွှာ အား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်မှ ဖတ်ကြားခဲ့ပါသည်။