နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက် လူထုတွေ့ဆုံပွဲကျင်းပ

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက် လူထုတွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်း တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးလှဆွေ၊ ကော်မတီဝင် ဦးဖိုးသိန်းနှင့် မြို့နယ်ပါတီဥက္ကဌ ဦးသိန်းမြိုင်နှင့် ကော်မတီဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖ များ၊ ပါတီဝင်များတက်ရောက်ခဲ့ကြပါသည်။ ၎င်းနောက် ဇေယျာသီရိမြို့နယ် ခေတ်အေးအုပ်စု အင်းသာကျေးရွာ ၌တည်ဆောက်လျက်ရှိသော ရေကာ တည်ဆောက်ခြင်း လုပ်ငန်းအား ပြည်ထောင်စုနယ်မြေပါတီဥက္ကဌ ဦးလှဆွေ ဦးဆောင်သောပါတီအဖွဲ့များမှ သွားရောက် ၍ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။