COVID-19 ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မဈေးတွင် ဗန်းမောက်ပြည်ခိုင်ဖြိုးပါတီ Face Shield များ အခမဲ့ဝေငှ

 

ဗန်းမောက် စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့ပေါ်ဈေးများတွင် Face Shield များ ဝေငှခြင်းကို ယမန်နေ့ နံနက် ၆ နာရီခွဲက စတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဗန်းမောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးမင်းဇော်မြင့် ကသာ ခရိုင် ပါတီအတွင်းရေးမှူး ဦးဆောင်၍ ပါတီဝင်လူငယ်များဖြင့် ဗန်းမောက်မြို့ ဘောလုံးကွင်း ယာယီဈေး၊ ဗိုလ်ချုပ်လမ်းဘေး ဈေးသည်များနှင့် လွှစင်ကုန်းရပ်ကွက်ဈေး စသည့်လူစည်ကားရာနေရာများတွင် လိုက်လံဝေငှ တပ်ဆင်ပေးခဲ့ပြီး Face Shield များ တပ်ဆင်သွားလာ ကြစေရေးတို့ကို အသိပညာပေး ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ကျော်စွာထွန်း(အင်းတော်)