ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီ Mask Campaign ပြုလုပ်

 

ရန်ကုန် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဒလမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ် အလုပ် အမှုဆောင်များမှ ဦးဆောင်၍ ယမန်နေ့ နံနက် ၈ နာရီက နှာခေါင်းစည်းများ တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခဲ့သည်။

နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်အလုပ်အမှုဆောင် များက ဦးဆောင်ကာ ဒလမြို့နာရီစင် အနီးခရီးသွား ပြည်သူများနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာဈေး များဌာန (ကမာကဆစ်) ဈေးတွင် ဈေးရောင်းချနေကြသော ဈေးသူ၊ဈေးသားများနှင့် ဈေးဝယ်ာပြည်သူများ အား COVID-19 ရောဂါကြိုတင်ကာ ကွယ်ရေးအသိ ပညာပေးလက်ကမ်းစာစောင်များ ပေးဝေခြင်းနှင့်အတူ နှာခေါင်း စည်းများလည်း အခမဲ့ဝေငှခဲ့ကြောင်း သိရသည်။ အံ့ကြီးမောင်(ဒလ)