ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးမှ ရွှေပြည်သာ မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များ ဓမ္မာရုံများသို့ ဘိလပ်မြေ အိတ်များနှင့် အလှူငွေများ သွားရောက်လှူဒါန်း

 

ဇူလိုင် ၂၉

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်မှ ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီနှင့်အတူ ယမန်နေ့ နေလည်တွင် အမှတ် (၁၃) ရပ်ကွက် အနှိုင်းမဲ့ဂရုဏာ နာရေးကူညီမူ့ ပရဟိတအသင်းသူ အသင်းသားများနှင့် တွေ့ဆုံခဲပီး အနှိုင်းမဲ့ပရဟိတအသင်းအား သောက်ရေကန်ပြုလုပ်ရန်အတွက် အလှူငွေများ လှူဒါန်းခဲ့ပီး အမှတ် (၁၉) ရပ်ကွက်ရှိ ဓမ္မာရုံသို့ ဘိလပ်မြေအိတ်များ သွားရောက်လှူဒါန်း ခဲ့ပါသည်။

ထို့နောက် အမှတ် (၁၆) ရပ်ကွက် သီရိမဂ်လာဓမ္မာရုံတွင် ဝါဆိုသဏ္ဍန်းကပ်ရန်အတွက် အလှူငွေ သံဃာတော် ၁၀ ပါးအတွက် အလှူငွေ တစ်သိန်းကျပ် လှူဒါန်းပေးခဲ့ပါသည်။

သွားရောက်လှူဒါန်းရာတွင် ဗဟိုအတွင်းရေးမှူးနှင့်အတူ မြောက်ပိုင်းခရိုင် ကော်မတီဝင် ဒေါ်ချမ်းမြအေး ရွှေပြည်သာ ပြည်ခိုင်ဖြိုးပါတီနာယက ဦးရဲဆွေလှိုင် ရွှေပြည်သာပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦလင်းအောင်အောင် နှင့် မြို့နယ်ကော်မတီဝင်များ လိုက်ပါ၍ သွားရောက်လှူဒါန်း ခဲ့ကြပါသည်။ဘိုတေ(ရွှေပြည်သာ)