ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့က အစိုးရပါဠိပထမပြန် စာမေးပွဲသို့ သောက်ရေသန့်ဘူးများနှင့် တစ်ရှူးစက္ကူထုပ်များ လှူဒါန်း

 

ရန်ကုန် ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအမျိုးသမီးရေးရာ အဖွဲ့မှ ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် အမှတ် (၄၂) ရပ်ကွက် မဟာဂန္ဓာရုံ ကျောင်းတိုက်စာဖြေဌာနတွင် ကျင်းပလျက်ရှိသော ၂ဝ၂ဝ ပြည့်နှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ ပထမကြီးတန်း ဘာသာရပ် ဖြေဆိုတော်မူကြသော ရဟန်းသာမဏေ ၄၂ ပါး၊ သီလရှင်လေးပါးနှင့် စာမေးပွဲကြီးကြပ်ရေး ဆရာတော်များအား သောက်ရေသန့်ဘူး ၇ဝနှင့် တစ်ရှူး စက္ကူထုပ် ၇ဝ တို့အား သွားရောက် လှူဒါန်းခဲ့ကြသည်။

အဆိုပါလှူဒါန်းရာတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဘဏ္ဍာရေးမှူး အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ဝင်းဝင်းအောင်၊ မြို့နယ်ပါတီကော်မတီဝင် ဒေါ်တင်တင်အေး၊ ဒေါ်အိအိခိုင်နှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌ ဦးတင်ဆန်းအောင်နှင့် ဦးစိုးသိန်းတို့မှ မြို့နယ်သံဃနာယက အဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒစာရ၊ စာမေးပွဲ ကြီးကြပ်ဆရာတော်များနှင့် စာဖြေ ရဟန်းသာမဏေသီလရှင်များအား ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။တင်ဆန်းအောင်(မ/ဒဂုံ)