ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း မင်းတပ်ခရိုင်နှင့်မြို့နယ် ပါတီတာဝန်ရှိသူများအား တွေ့ဆုံ
မတ်(၃)၊မင်းတပ် သုတ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ယမန်နေ့ မွန်းလွဲ ၂ နာရီက မင်းတပ်မြို့နယ်ပါတီရုံး ခန်းမတွင် မင်းတပ်ခရိုင်နှင့် မြို့နယ်ပါတီတာဝန်ရှိသူများအား တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မင်းတပ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထန်းလိန်းနှင့် မင်းတပ်ခရိုင်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးထန်းလှေ့တို့မှ ခရိုင်နှင့်မြို့နယ် ပါတီတို့၏ ပါတီလုပ်ငန်းဆောင်ရွက်ထားရှိမူ အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ အမှာစကား ပြောကြားပြီးနောက် ပြည်ခိုင်ဖြိုး ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းမှ လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။
တွေ့ဆုံရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ပါတီဗဟိုအတိုင်ပင်ခံ ဦးဟုန်းငိုင်း၊ ပါတီဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဦးဆန်ကျုံး၊ ဆလိုင်းခွဲယန်၊ ဦးဟာရှိန်းဘွေ၊ ချင်းပြည်နယ်ပါတီ အတွင်းရေးမှူး ဦးကျုံးဘိခ်၊ ပြည်နယ်ပါတီကော်မတီဝင် ဦးအွမ်ဂေလိန်း၊ မင်းတပ်ခရိုင် ပါတီဥက္ကဋ္ဌ ဦးထန်းလှေ့၊ ခရိုင်ပါတီကော်မတီဝင်များ၊ မင်းတပ်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထန်းလိန်း၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။