လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာတွင် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

 

လားရှိုး၊ မေ ၅

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာတွင် လူထုစကားဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲကို ဆုံကွယ်ကျေးရွာ ဓမ္မာရုံ၌ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ ကျင်းပခဲ့ရာ လျှစ်စစ်မီးပြတ် တောက်မှု၊ စားဝတ်နေရေး ကြပ်တည်းမှု၊ ပညာသင်ကြားရေးတွင် ဆရာဆရာမ မလုံလောက်မှု အပါအဝင် လက်ရှိနိုင်ငံရေး အခြေအနေများအား ဒေသခံလူငယ်များက မေးမြန်းဆွေးနွေး ခဲ့ကြသည်။

အဆိုပါ မေးမြန်းမှုများကို ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်၊ ဗဟိုလူငယ်ရေးရာ ကော်မတီဝင် ဒေါ်ကျော့ယဉ်ဝင်း၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ပြည်နယ်ဘဏ္ဍာရေးမှူးနှင့် လူငယ်တာဝန်ခံ ဦးစိုင်းခမ်းကော်စသည့် ပါတီတာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေး ပေးခဲ့ကြသည်။

ဆုံကွယ်ကျေးရွာ၌ ပြုလုပ်သော လူငယ်စာကားဝိုင်း ဆွေးနွေးပွဲသို့ ဒေသခံတိုင်းရင်းသားများ အပါအဝင် ရပ်ကျေး၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်တို့မှ ပါတီတာဝန်ရှိသူများနှင့် လူငယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။