လုံခြုံရေးအကြီးအကဲအား မိဖုရားအဖြစ် ထိုင်းဘုရင်ရွေးချယ်

ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းသည် ၄င်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေးအကြီးအကဲအဖြစ် တာဝန် ထမ်းဆောင်နေသော ဆူသီဒါအား တရားဝင်လက်ထပ်ကာ မိဖုရားအဖြစ် ရွေးချယ်ခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြသည်။

အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်သော မဟာဗာဂျီရာလောင်ကွန်းသည် ယခင်က သုံးကြိမ် လက်ထပ်ခဲ့ဖူးသူဖြစ်ကာ ရင်သွေး ခုနှစ်ဦး ပိုင်ဆိုင်ထားပြီး မိဖုရားအဖြစ် ရွေးချယ်ခံခဲ့ရသော ဆူသီဒါ သည် မဟာဗာဂျီရာလောင်းကွန်း၏ လုံခြုံရေးအဖွဲ့ဝင် ကာလရှည်တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်ပြီး ဗိုလ်ချုပ်ကြီး အဆင့်နှင့်ညီမျှသော ရာထူးအား တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

ဆူသီဒါသည် ၂၀၁၄ ခုနှစ်တွင် မဟာဗာဂျီရာလောင်ကွန်း၏ လုံခြုံရေးအဖွဲ့တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၆ ခုနှစ်အတွင်း လုံခြုံရေး အဖွဲ့အကြီးအကဲအဖြစ် စတင် တာဝန်ပေးခံခဲ့ရသည်။

-Ref:Reuters