ပည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ကယားပြည်နယ် ဖရူဆိုမြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

 

ဖရူဆို မတ် ၁၂

ကယားပြည်နယ်လွိုင်ကော်ခရိုင် ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးအစည်း အဝေးခန်းမ၌ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီနှင့် ဖရူဆိုမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတွေ့ဆုံပွဲ အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပ ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင်ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း တက်ရောက် ခဲ့သည်။အခမ်းအနားကို နိုင်ငံတော် အလံအလေးပြုပြီးနိုင်ငံတော်သီချင်း ဖြင့် သီဆိုဖွင့်လှစ်သည်။ ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင် ကယားပြည်နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း က အဖွင့်အမှာစကားပြောကြား ရာတွင် လက်ရှိနိုင်ငံရေးအခြေ အနေများ၊ ပါတီလုပ်ငန်းဆောင် ရွက်ချက်များ၊ လုပ်ငန်းလုပ်ထုံး လုပ်နည်းများ အသေးစိတ်ရှင်း လင်းလမ်းညွှန်မှာကြားသွားသည်။

ယင်းနောက် ကယားပြည် နယ်ပြည်ခိုင်ဖြိုးပါတီအတွင်းရေး မှူး ဦးကျော်မြင့်က ပြည်ခိုင်ဖြိုး ပါတီ ရှေ့လုပ်ငန်းစဉ်များအား အသေးစိတ်ရှင်းလင်းပြီး ပါတီ အားသာချက် အားနည်းချက်များ ဆွေးနွေးသွားပါသည်။ ဆက် လက်ပြီး ကယားပြည်နယ် ပြည် ခိုင်ဖြိုးပါတီစည်းရုံးရေးတာဝန်ခံ ဦးတင်ဦးက စည်းရုံးရေးရာကိစ္စ ရပ်များ၊ လက်ရှိနိုင်ငံရေးအခြေ အနေနှင့် ပါတီအတွင်းဆောင်ရွက် ချက်များအား တင်ပြဆွေးနွေးပြီး ဖရူဆိုမြို့နယ်တာဝန်ခံက လက်ရှိ ကယားပြည်နယ် နိုင်ငံရေးအခြေ အနေများနှင့် ၂ဝ၂ဝ အောင်နိုင်ရေး အခြေအနေများ၊ ပြည်နယ်ကော် မတီဝင် ဦးရဲဝင်းက လူငယ်ရေးရာ အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များ အသီးသီးဆွေးနွေးသွားသည်။

ဆက်လက်ပြီး ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ ဦးဆားရယ်နှင့် ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများမှ ဖရူဆို မြို့နယ် ပါတီကိစ္စရပ်များ၊ ပြည်သူ့ အသံများ၊ ရပ်ရွာလူထုအကျိုးပြု ကိစ္စရပ်များ၊ ရေးရာကိစ္စရပ်များ၊ အသီးသီးလိုအပ်ချက်များ အသေး စိတ်ဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး ဆွေးနွေးတင်ပြ ချက်များအား သက်ဆိုင်ရာ ပြည် နယ်ကော်မတီဝင် ရေးရာတာဝန်ခံ အသီးသီးကပြန်လည်ရှင်းလင်းဖြေ ကြားသွားသည်။ ထို့နောက်ကယား ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးပိုးရယ် အောင်သိန်းက နိဂုံးချုပ်အမှာစကား ပြောကြားသွားသည်။

တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကယား ပြည်နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ် ပါတီနာယကဦးတောရယ်၊ ပြည် နယ်အတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင် ဖရူဆိုမြို့ နယ် တာဝန်ခံဦးမော်ရယ်၊ ပြည် နယ်ကော်မတီဝင်များဖြစ်ကြသော ဦးတင်ဦး၊ ဦးရဲဝင်း၊ ဦးကျော်သင်း၊ ဒေါ်ဒေါရစ်လေး၊ ဒေါ်ဗျားမြာ မောင်၊ လွိုင်ကော်ခရိုင် ကော်မတီ ဝင်များဖြစ်ကြသော ဦးတူးရယ်၊ ဒေါ်ခင်မေလတ်၊ ဖရူဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဆား ရယ်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးဥက္ကဋ္ဌများ စုစုပေါင်းအင်အား ၅ဝ ကျော်တက် ရောက်ကာ အစည်းအဝေးကို မွန်းလွဲ ၁၂နာရီ ၄၅မိနစ်တွင် အောင်မြင်စွာပြီးစီးကြောင်း သိရ သည်။

မမောင်(ချိကယ်သူ)