အမရပူရပြည်ခိုင်ဖြိုးပါတီမှကွန်ကရစ်လမ်းခင်းကျင်းရန်ဘိလပ်မြေအိတ်များလှူဒါန်း
(၁၁.၃.၂၀၁၉)ရက်နေ့ နံနက်(၁၀)နာရီတွင် ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ အမရပူရမြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်စောမြိုင်နှင့် မြို့နယ်ကော်မတီဝင်များတို့သည် အမရပူရမြို့နယ်၊ မကျည်းကိုင်းကျေးရွာရှိ မကျည်းကိုင်း-ရွှေပေါက်ပင်ကျေးရွာချင်းဆက်လမ်းအားကွန်ကရစ်ခင်းခြင်းဆောင်ရွက်နေရာသို့ သွားရောက်ပြီး မြို့နယ်ပါတီမှလှူဒါန်းသော ဘိလပ်မြေအိတ်(၅၀)အားကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီထံပေးအပ်လှူဒါန်းခဲ့ပါသည်။
အဆိုပါလမ်းသည် အရှည်ပေ(၂၅၀၀)ရှိပြီး အရှည်(၂၂၀၀)ခင်းကျင်းပြီးဖြစ်ကာ ကျန်ရှိသောပေ(၃၀၀)ဆက်လက်ခင်းကျင်းရန်အတွက်ဘိလပ်မြေအိတ်များလိုအပ်လျက်ရှိကြောင်း ကျေးရွာပါတီဥက္ကဋ္ဌ၏တင်ပြလာမှုအရ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှလှူဒါန်းခြင်းဖြစ်ပါသည်။