ပုသိမ်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပညာရေးစုံညီပွဲတော်သို့ တက်ရောက်လှူဒါန်း

 

ပုသိမ်ကြီး ဇန်နဝါရီ ၂၉

မန္တလေးတိုင်းဒေသကြီး ပုသိမ် ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ် ပါတီဥက္ကဋ္ဌဦးဆွေသန်း၊ အတွင်း ရေးမှူးဦးကိုကိုလွင်၊ မြို့နယ်ကော် မတီဝင်ဦးကျော်ခိုင်(နယ်မြေမှူး)နှင့် အဖွဲ့ဝင်များလိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက ဒဟတ္တောကျေးရွာ အုပ်စုသရက်ကိုင်းကျေးရွာအခြေခံ ပညာမူလတန်းကျောင်းအမှတ်(၇၃) တွင်ပြုလုပ်သောပညာရေးစုံညီပွဲ တော်သို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဦးဆွေသန်း က မိတ်ဆက်စကားပြောကြား ခဲ့ပြီး မြို့နယ်ပါတီမှ လှူဒါန်းသော ဗလာစာအုပ် ၁၅ ဒါဇင်အား ဦးကို ကိုလွင်ကပေးအပ်ခဲ့ရာ ကျောင်း အုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဌေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါ ပညာရေးစုံညီပွဲတော် သို့ ဆရာဆရာမများ၊ရပ်မိရပ်ဖများ ကျောင်းသားမိဘများနှင့်ကျောင်း သားကျောင်းသူများ ၃ဝဝ တက် ရောက်ခဲ့ကြောင်းသိရသည်။

ရိုးဆန်း