အင်းတော်တွင် ရပ်ကျေးပါတီဝင်များတွေ့ဆုံပွဲကျင်းပ

 

အင်းတော် ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီနှင့် ရပ်/ကျေးပါတီဝင်များ တွေ့ဆုံပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ကွင်းချောင်းအုပ်စု သောင်မြင်းကျေးရွာနှင့် မွန်းလွဲ ၁နာရီ၌ ညောင်ကုန်းအုပ်စု ဗုဓလက်ကျေးရွာတို့တွင် ပြုလုပ် ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ အင်းတော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မဲဇာတိုက်နယ်ဒေသတာဝန်ခံ မြို့နယ် ကော်မတီဝင် ဦးမြတ်ထွန်း၊ ဦးအောင်ရွှေ၊ ဦးကျော်ဝင်းနှင့် မြို့နယ်အရန်ကော်မတီဝင် ဦးဆန်းဝင်း၊ ရပ်/ကျေးပါတီ ကော်မတီဝင်များ၊ ကျေးရွာပါတီဝင်များတက်ရောက်ခဲ့ကြပြီး ပြည်ခိုင်ဖြိုးပါတီ၏ လက်ရှိဆောင်ရွက်ချက်များရှင်းလင်းခြင်းနှင့် ပြန်လည်ဆွေးနွေးခြင်းများကို ရေနွေးကြမ်းစကား ဝိုင်းဖွဲ့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

လူငယ်(အင်းတော်)