ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲ လာမည့်ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပမည်

များစွာနှောင့်နှေးကြန့်ကြာမှုများဖြစ်ပွားနေခဲ့သည့် ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို လာမည့် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပသွားမည်ဟု ရွေးကောက်ပွဲကော်မရှင်က ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။ ၂၀၁၄ ခုနှစ်တွင် လက်ရှိစစ်အစိုးရ အာဏာယူခဲ့စဉ်မှ စတင်ကာ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုကို တင်းကျပ်စွာတားမြစ်ထားသည်ဖြစ်ရာ တားမြစ်ထားမှုအား ဖယ်ရှားရေးသည် အစိုးရပေါ်တွင် မူတည်သည်ဟု သိရသည်။

အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံးစီးပွားရေးအင်အားကြီးမာသည့် ထိုင်းနိုင်ငံကို ဒီမိုကရေစီစနစ် ပြန်လည် အသက်သွင်းနိုင်မည်ဟု အများက မျှော်လင့်ထားသည့်သည့် အဆိုပါ ရွေးကောက်ပွဲသည် ယခင် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာမှ ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးလှုပ်ရှားမှုနှင့် စစ်တပ်နှင့် သစ္စာခံများထားရှိမှုကို ဆန့်ကျင်သည့် ကျေးလက်ဒေသရှိ လူအများစုမှ ထောက်ခံသည့် နိုင်ငံရေး လှုပ်ရှားမှုအကြား ဖက်ပြိုင်အန်တုကြဖွယ်ရှိသည်ဟု သိရသည်။

လက်ရှိစစ်အစိုးရက အထွေထွေရွေးကောက်ပွဲကျင်းပရန် ကြိမ်ဖန်များစွာ ရွှေ့ဆိုင်းခဲ့သော်လည်း နိုင်ငံရေး လှုပ်ရှားမှုများအား တားမြစ်မှုကို ယခုလကုန်အပြီးတွင် ဖယ်ရှားပေးသွားဖွယ်ရှိသည်ဟု ပြီးခဲ့သည့် သီတင်းပတ်အတွင်း၌ ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးမှုများကို လာမည့်ဇန်န၀ါရီလ အစောပိုင်းမှ စတင်ကာ ဆောင်ရွက်နိုင်ဖွယ်ရှိသည်ဟု သိရသည်။

-Ref: Reuters