ပန်းဘဲတန်းမြို့နယ်တွင် ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်း မြို့နယ် ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲ အခမ်းအနား ကို မြို့နယ်ရုံး၌ ယမန်နေ့နံနက် ၉နာရီက ကျင်းပခဲ့သည်။

အစီအစဉ်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင်သီဆိုကာ ဖွင့်လှစ် ခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသ ကြီး ဗဟိုကော်မတီဝင်ဒေါ်သင်းသင်းမိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် သဘာပတိကြီးများနေရာယူခြင်း၊ စာတမ်း များဖတ်ကြားခြင်း၊ အစီအစဉ်များကိုဆက် လက်ဆောင်ရွက်သည်။
ဆက်လက်၍အမျိုးသမီးရေးရာတွဲဖက် တာဝန်ခံဒေါ်သင်းဝါဝါစိုးက အမျိုးသမီး ပါတီဝင်သစ်များစုဆောင်းရေးနှင့် ၂ဝ၂ဝ ပြည့်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဝင်အမျိုးသမီးများကို စဉ်ဆက်မပြတ် ပျိုးထောင်ပေးရေး၊ မြို့နယ်အရန်ကော်မတီ ဝင်ဒေါ်အေးအေးသင်းက အမျိုးသမီးထု အတွင်း အမျိုးဂုဏ်၊ ဇာတိဂုဏ်ထိန်းသိမ်း ရေးအမျိုးသမီးများ၏အခွင့်အရေးကို ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံနှင့် အညီအကောင် အထည်ဖော်ဆောင်ရွက်ပေးရေး၊ မြို့နယ် ကော်မတီဝင်ဒေါ်မြမြခိုင်က မြန်မာအမျိုး သမီးများနှင့် မြန်မာနိုင်ငံရေးအခန်းကဏ္ဍ မြှင့်တင်ရေး၊မြို့နယ်ကော်မတီဝင်ဒေါ်သီတာ စိုးကအမျိုးသမီးများ၏ဘဝလုံခြုံမှုတိုးတက် ရေး၊ငြိမ်းချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုး တက်မှုရရှိစေရေးတို့ကိုအသီးသီးဖတ်ကြား ခဲ့သည်။ ဆက်လက်၍ သဘာပတိမှ တိုင်း ဒေသကြီးညီလာခံသို့တက်ရောက်ကြမည့် အမျိုးသမီးကိုယ်စားလှယ်များ၏ အမည် စာရင်းကို ဖတ်ကြားကြေညာသည်။

ထို့နောက်မြို့နယ်ပါတီဥက္ကဋ္ဌဦးမြင့်ခိုင် ကနိဂုံးချုပ်အမှာစကားပြောကြားပြီးအခမ်း အနားကို ပြည်ခိုင်ဖြိုးဟေ့ တေးသီချင်း သံပြိုင်သီဆို၍ မွန်းတည့် ၁၂နာရီတွင် အခမ်းအနားပြီးမြောက်ခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသ ကြီး ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးတင်ဝင်း၊ ဒေါ်သင်းသင်းမိုး၊ အနောက် ပိုင်းခရိုင်၊ ခရိုင်ကော်မတီဝင်များ၊ ဒေါ်စန်း စန်းဝင်း(၁)၊ဒေါ်စန်းစန်းဝင်း(၂)နှင့် ဒေါ်အိ အိလှိုင်၊ မြို့နယ်ကော်မတီဝင်များ၊ ပါတီ ဝင်အမျိုးသမီးများနှင့် ရပ်ကွက်ကော်မတီ ဝင်များတက်ရောက်ကြသည်။

ဧခန့်(ပန်းဘဲတန်း)