တံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

တံတားဦး၊ စက်တင်ဘာ ၂ဝ

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှော ဖလှယ်ပွဲကို စက်တင်ဘာ (၂၀) ရက်နေ့ နံနက် ၉ နာရီက အဆိုပါ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားသို့ တက်ရောက်လာသူများက နိုင်ငံတော်အလံကို အလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုကာ အခမ်းအနားကို စတင်ဖွင့်လှစ်ကြသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင် ကျောက်ဆည် ခရိုင် နယ်မြေတာဝန်ခံ ဒေါ်သိင်္ဂီအောင်က အမှာစကားပြောကြားပြီး ကျောက်ဆည်ခရိုင် ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်က အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြား သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော အမျိုးသမီးအားလုံးကို အစုအဖွဲ့လေးစုခွဲ၍ အမျိုးသမီးတို့၏ လိုအပ်ချက်များကို အသီးသီးဆွေးနွေးကြပြီး ရရှိလာသော စာရွက်စာတမ်းများကို ဖတ်ကြား တင်ပြခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဦးသန်းဆွေ၊ ကျောက်ဆည်ခရိုင် နယ်မြေတာဝန်ခံ ဒေါ်သိင်္ဂီအောင်၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်နှင့် ခရိုင်ကော်မတီဝင်များ၊ တံတားဦးမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၊ အတွင်းရေးမှူး ဦးနိုင်လင်းထူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အမျိုးသမီးရေးရာတာဝန်ခံများ၊ အရန်ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူးများနှင့် အမျိုးသမီးကော်မတီဝင်များ စုစုပေါင်းအင်အား ၃ဝဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရဲတင့်