ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲ ကျင်းပ

ပုသိမ်ကြီး၊ စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲအခမ်းအနား ကို စက်တင်ဘာာ (၁၈) ရက်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားကို အစီအစဉ်သုံးပိုင်းခွဲ၍ ကျင်းပခဲ့ပြီး အစီအစဉ်ပထမပိုင်းတွင် သဘာပတိအဖွဲ့မှ နေရာယူပြီးနောက် အခမ်းအနားအား နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဆွေသန်းက အဖွင့်အမှာစကားပြောကြား၍ လိန်ပင်ကျေးရွာမှ အမျိုးသမီးပါတီဝင် ဒေါ်ခိုင်ခင်ဦးက ဗဟိုအမျိုးသမီးညီလာခံအကြို မြို့နယ်အမျိုးသမီးနှီးနှောဖလှယ်ပွဲ ကျင်းပမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် အစီအစဉ်ပထမပိုင်းပြီးဆုံး၍ သဘာပတိအဖွဲ့မှ ပြန်လည် ထွက်ခွာခဲ့သည်။ အစီအစဉ်အရ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအလိုက် အစုအဖွဲ့များဖွဲ့စည်း၍ အစုအဖွဲ့များ အနေဖြင့် နှီးနှောဖလှယ်ပွဲတွင် တင်သွင်းမည့်စာတမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး စာတမ်းလေးစောင်အား တင်သွင်းနိုင်ရန် အတွက် မှတ်တမ်းတင်ခြင်းအား ဒုတိယပိုင်းအစီအစဉ်တွင် ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ အစီအစဉ်တတိယပိုင်း ကိုကျင်းပခဲ့ရာ သဘာပတိအဖွဲ့မှ ပြန်လည် နေရာယူပြီးနောက် နှီးနှော ဖလှယ်ပွဲတွင် အစုအဖွဲ့အလိုက် မှတ်တမ်းတင်ဆွေးနွေးခဲ့ကြသော စာတမ်းများဖြစ်သည့် မြန်မာအမျိုးသမီးများနှင့် မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍ မြှင့်တင်ရေးစာတမ်းကို ပုသိမ်ကြီးမြို့နယ် ငြိမ်းချမ်းသာစံကျေးရွာမှ ပါတီဝင် ဒေါ်အေးစန္ဒာကျော်က လည်းကောင်း၊ မြန်မာအမျိုးသမီးများ၏ဘဝလုံခြုံမှု၊ ငြိမ်းချမ်းသာယာမှုနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးစာတမ်းကို ကံသာကျေးရွာမှ ပါတီဝင် ဒေါ်သန်းသန်းညွန့်က လည်းကောင်း၊ အမျိုးသမီးထု အတွင်း အမျိုးဂုဏ် ဇာတိဂုဏ် ထိန်းသိမ်းရေး အမျိုးသမီးများ၏အခွင့်အရေးများကို ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော်ဆောင်ရေးစာတမ်းကို ကျွန်းဆင်ကျေးရွာမှ ဒေါ်သီတာအောင်က လည်းကောင်း၊ အမျိုးသမီးပါတီဝင်သစ် များစုဆောင်းရေးနှင့် ၂ဝ၂ဝ ပြည့်နှစ်ရွေး ကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဝင် အမျိုးသမီးများအား စဉ်ဆက်မပြတ်လေ့ ကျင့်ပျိုးထောင်ပေးရေးစာတမ်းကို ကောင်းမွန်ကျေးရွာမှ ဒေါ်သွေးသွေးအောင်က လည်းကောင်း ဖတ်ကြားတင်သွင်းခဲ့သည်။ ထို့နောက် ပုသိမ်ကြီးမြို့နယ် အမျိုးသမီး နှီးနှောဖလှယ်ပွဲ၏တွေ့ရှိချက်၊ ဆုံးဖြတ်ချက်နှင့်ရှေ့လုပ်ငန်းစဉ်များအား ထုတ်ပြန်ခဲ့ကာ သဘာပတိမှ ဖတ်ကြား တင်သွင်းခဲ့သော စာတမ်းများအား မှတ်တမ်းတင်ခြင်းနှင့်ရှေ့လုပ်ငန်းစဉ်များအား အတည်ပြုခြင်းတို့အား ဆောင်ရွက်ပြီးနောက် မတ္တရာမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေသန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနား ကို ပြည်ခိုင်ဖြိုးဟေ့ တေးသီချင်းသံပြိုင်သီဆို၍ ရုပ်သိမ်းခဲ့သည်။ အခမ်းအနားသို့ တိုင်းဒေသကြီးပါတီကော်မတီဝင် မန္တလေးခရိုင်ပါတီနယ်မြေတာဝန်ခံ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်၊ မန္တလေးခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေသန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်အမျိုးသမီးများ အပါအဝင် စုစုပေါင်းအင်အား ၁၅ဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

သုတ