ဘောလခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးလူငယ်ခေါင်းဆောင်များနှင့်တွေ့ဆုံ

ဘောလခဲ၊ ဒီဇင်ဘာ ၁၇

ကယားပြည်နယ် ဘောလခဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီခွဲအထိ မြို့နယ်ပါတီနှင့် ရပ်ကျေးလူငယ်များတွေ့ဆုံသည်။

ပထမဦးစွာ ပြည်ခိုင်ဖြိုးပါတီ ဘောလခဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးရယ်က ရပ်ကျေးလူငယ်ခေါင်းဆောင်များ တွေ့ဆုံရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး အမှာစကားပြောကြားသွား သည်။
ယင်းနောက် တက်ရောက်လာကြသော ရပ်ကျေးလူငယ်များအား လူငယ်ရေးရာဖွဲ့စည်းမှုတာဝန်များ အသီးသီး ပေးအပ်ကာ လူငယ်များက လိုအပ်ချက်အား အသီးသီးတင်ပြ ဆွေးနွေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီး ပြန်လည် ဆွေးနွေးဖြေကြားသွားသည်။

ယင်းတွေ့ဆုံပွဲတွင် ဘောလခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ် ဘောလခဲမြို့နယ် ဘောလခဲခရိုင် ကော်မတီဝင်များ၊ ဘောလခဲမြို့နယ် အတွင်းရေးမှူး ဦးဟန်ထူးနှင့် မြို့နယ် ကော်မတီဝင်များ၊ ဘောလခဲမြို့နယ် လူငယ်ရေးရာတာဝန်ခံ ဦးယုလွင်နှင့် ရပ်ကျေးအသီးသီးမှ လူငယ် ခေါင်းဆောင်များ စုစုပေါင်းအင်အား ၃ဝ ကျော် တက်ရောက်ကြောင်း သိရသည်။

မမောင် (ချိကယ်သူ)