Tor browser တွင် Facebook သုံးစွဲသူ တစ်လလျှင် တစ်သန်းကျော်ရှိ

facebook-tor

Tor browser ကို အသုံးပြုပြီး လူမှုရေးကွန်ရက်ကို သုံးစွဲသူ တစ်သန်းကျော်ရှိကြောင်း Facebook မှ ကြေညာခဲ့သည်။ Facebookသည် Tor မှတစ်ဆင့် Facebook ကိုအသုံးပြုနိုင်မည့် နည်းလမ်းတစ်ခုဖြစ်သော ဆိုက်၏ Onion လိပ်စာကို ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် တရားဝင်မိတ်ဆက်ပေးခဲ့သည်။ ၂၀၁၅ ခုနှစ် ဇွန်လတွင် တစ်လအတွင်း Tor သုံးစွဲသူဦးရေ စုစုပေါင်း ၅၂၅,၀၀၀ က ဆိုက်ကို အသုံးပြုခဲ့ကြောင်း Facebook မှ ထုတ်ပြန်ခဲ့သည်။ အဆိုပါအရေအတွက်သည် တစ်နှစ်မပြည့်မီ တွင် နှစ်ဆမြင့်တက်လာခဲ့ပြီး ယခုလတွင် သုံးစွဲသူ တစ်သန်းရှိခဲ့ကြောင်း Facebook မှ ထုတ်ပြန်ခဲ့သည်။ “ကိုယ်ရေးလုံခြုံမှု၊ ဘေးအန္တရာယ်ကင်းရေးနဲ့ လုံခြုံရေး အကြောင်ြး ပချက်အမျိုးမျိုးကြောင့် လူတွေက Tor ပေါ်ကနေတစ်ဆင့် ဆက်သွယ်ဖို့ ရွေးချယ်လာကြပါတယ်။ သုံးစွဲသူတွေက ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို လုံခြုံစွာနဲ့ အသုံးပြုနိုင်စေမယ့် နည်းလမ်းတွေ ထောက်ပံ့ပေးဖို့က ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ဒါကြောင့် လည်း Facebook onion ဆိုက်နဲ့ onion-mobile ဆိုက်ကို ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းက တည်ဆောက်ခဲ့တာပါ” ဟု Facebook မှ ပြောကြားခဲ့သည်။ Tor သုံးစွဲသူများသည် .Onion လိပ်စာဖြစ်သော https:// facebook corewwwi. onion/  မှတစ်ဆင့် Facebook ကို အသုံးပြုနိုင်သည်။ ထို့အပြင် Facebook သည် မိုဘိုင်း သုံးစွဲသူ သန်းပေါင်းများက Facebook ကိုအသုံးပြုရာတွင် အွန်လိုင်း ကိုယ်ရေးလုံခြုံမှုကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ၎င်း၏ Android app အတွက် built-in Tor အထောက်အပံ့ကို ယခုနှစ် ဇန်နဝါရီလက ထည့်သွင်းပေးခဲ့သည်။


Leave a Reply