ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိမြို့နယ် ဘုရားတောင်ကျေးရွာအုပ်စု၌ ပြည်ခိုင်ဖြိုးပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်

 

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိမြို့နယ် ဘုရားတောင်ကျေးရွာအုပ်စု ဘုရားတောင်ကျေးရွာနှင့် ပိုတက်ကျေးရွာတို့မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ဝင်ရောက်နိုင်ရန် အဆိုပြုလွှာစုပေါင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဘုရားတောင်ကျေးရွာ၌ပြုလုပ်ခဲ့သည်။
အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့်စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌဦးဝေလွင်က နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီးနောက် ဆက်လက်ပြီး ပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။
ထို့နောက်ပါတီဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါက်တာစန်းစန်းနွယ်က အမှာ စကားပြောကြားသည်။ဆက်လက် ၍ ပါတီဗဟိုအလုပ်အမှုဆောင် လူငယ်တာဝန်ခံ ဒေါက်တာအောင် မြတ်ဦးနှင့် အလုပ်သမားရေးရာ ကော်မတီတာဝန်ခံ ဦးလှသိန်းဆွေ တို့က အသီးသီးအမှာ စကားပြော ကြားကြသည်။
အစီအစဉ်အရ ဘုရားတောင် ကျေးရွာအုပ်စု ဘုရားတောင်ကျေး ရွာရှိပါတီဝင်အသစ်အင်အား ၂၆ဝ တို့၏ ပါတီဝင်အဆိုပြုလွှာများကို ၄င်းတို့၏ကိုယ်စား ကျေးရွာပါတီ ဥက္ကဋ္ဌဦးငြိမ်းအေးကပေးအပ်ခဲ့ရာ ပြည်ထောင်စုနယ်မြေ ကော်မတီ ဝင် ဥတ္တရသီရိမြို့နယ် တာဝန်ခံ ဦးကျော်ဌေးကလက်ခံရယူခဲ့သည်။ ဆက်လက်၍ ဘုရားတောင်ကျေး ရွာအုပ်စု ပိုတက်ကျေးရွာမှ ပါတီ ဝင်အသစ် ၁၃၈ဦးတို့အတွက်အဆို ပြုလွှာများကို ကျေးရွာပါတီခေါင်း ဆောင်ဦးဟန်သိန်းကပေးအပ်ခဲ့ရာ ဥတ္တရသီရိမြို့နယ်တာဝန်ခံဦးကျော် ဌေးက ဆက်လက် လက်ခံရယူခဲ့ ပြီး ပါတီဝင်အသစ်များကို ပါတီ ရင်ထိုးတံဆိပ်များအားတာဝန်ရှိသူ တို့ကတပ်ဆင်ပေးခဲ့ကြပြီး အခမ်း အနားအား ကေသရာဇာခြင်္သေ့ သီချင်းဖြင့် သံပြိုင်ဟစ်ကြွေးသီဆို ၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
အဆိုပါ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ခြင်းအခမ်းအနား သို့ပါတီဗဟိုအတွင်းရေးမှူးများဖြစ် ကြသော ဦးသန်းထွန်းနှင့် အမျိုး သမီးရေးရာတာဝန်ခံဒေါက်တာစန်း စန်းနွယ်၊ ပါတီဗဟိုအလုပ်အမှု ဆောင်များဖြစ်ကြသော အလုပ် သမားရေးရာကော်မတီတာဝန်ခံ ဦးလှသိန်းဆွေ၊ လူငယ်တာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊ ပြည် ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်တို့နှင့်အတူ ဥတ္တရသီရိ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်အင် အား ၉ဝဝ၊ ဘုရားတောင်ကျေးရွာ နှင့် ပိုတက်ကျေးရွာတို့မှ ပါတီဝင် အဆိုပြုသူများ တက်ရောက်ခဲ့ကြ သည်။ ယနေ့ပါတီဝင်ရန် အဆိုပြု လွှာပေးအပ်ခဲ့သည့် ပါတီဝင်သစ် အင်အားမှာ ၃၉၈ ဦးဖြစ်ပြီး အခမ်း အနားအပြီးတွင် ပြည်ထောင်စုနယ် မြေ ဥက္ကဋ္ဌ ဦးဝေလွင်က ဘုရား တောင်ကျေးရွာ ရွှေလရောင် ကျောင်းတိုက်ဆရာတော် သာသန ဓဇဓမ္မာစရိယ အရှင်စန္ဒောဘာသ အား လှူဖွယ်ဝတ္ထုပစ္စည်းများ ကပ် လှူပူဇော်ခဲ့ကြောင်း သိရသည်။