ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကလေးဝ မြို့နယ် ရပ်ကျေးပါတီဥက္ကဋ္ဌများ ပါတီဝင်များနှင့်တွေ့ဆုံ

 

ကလေးဝ၊ ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝ မြို့သို့ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်း တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ တိုင်းအတွင်းရေးမှူး ဦးအောင်ဇော်ဦး၊ ကော်မတီဝင် ငါးဦးပါ အဖွဲ့သည် ယနေ့ နံနက် ၉ နာရီတွင် ကလေးဝမြို့နယ် မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များအား ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ တွေ့ဆုံခဲ့သည်။

ဆက်လက်ပြီး ပါတီ၏ ရှေ့လုပ်ငန်း စဉ်များအား ရှင်းလင်းပြောကြား၍ တိုင်း အတွင်းရေးမှူးကလည်း ပါတီစည်းရုံးရေး မူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ရှင်းလင်းလမ်းညွှန်မှာကြားခဲသည်။

သော်ဇင်မင်း