ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ကျေးရွာရုံးခွဲ ဇဝနသိဒ္ဓိရပ်ကွက်တွင်ဖွင့်လှစ်

 

နေပြည်တော် မတ် ၁၄

နေပြည်တော် ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိ ရပ်ကွက် မင်းဘူး(၃)လမ်း အိမ်အမှတ် ၇ဝ၅၁ ဦးမင်းမင်းဇော်နေအိမ်တွင် ယနေ့နံနက် ၈ နာရီ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရပ်/ ကျေးပါတီရုံးခွဲဖွင့်လှစ်ခြင်း၊ ပါတီအလံတင်ခြင်း နှင့် ပါတီဆိုင်းဘုတ်တင်ခြင်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဦးမောင်စိုးနှင့် ဦးစိုးမိုးတို့က ရပ်/ကျေးပါတီဆိုင်းဘုတ်အား အမွှေးနံ့သာများဖြင့် ပက်ဖျန်း၍ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် အခမ်း အနားတက်ရောက်လာသူများအားကောက်ညှင်းပေါင်း၊ လက်ဖက်ရည်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဥတ္တရသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ခေတ္တအတွင်းရေးမှူး ဦးမောင်စိုး၊ ဘဏ္ဍာရေးမှူး ဦးစိုးမိုး၊ မြို့နယ်ကော်မတီဝင် ဦးသန်းလွင်၊ ရပ်/ကျေးပါတီဥက္ကဋ္ဌ ဦးကျော်ဦး၊ ရပ်/ကျေးအတွင်းရေးမှူး ဦးမင်းမင်းဇော်၊ ရွာခွဲ တာဝန်ခံဦးစိုးလှိုင်နှင့် ရပ်/ကျေးကော်မတီဝင်များ စုစုပေါင်းအင်အား ၃ဝ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

ပေါ်ဦး