ဘောလခဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ရွာသစ်မြို့ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား)သင်တန်း အမှတ်စဉ်(၂/၂၀၁၈) ဆင်းပွဲ အခမ်းအနား

 

ယနေ့ ၁၂-၂-၂၀၁၈ရက်နေ့ ညနေ (၃း၀၀)နာရီအချိန်တွင် ဘောလခဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ရွာသစ်မြို့ နိုင်ငံရေးစီမံခန့် ခွဲမှု (ဆင့်ပွား)သင်တန်း အမှတ်စဉ်(၂/၂၀၁၈) ဆင်းပွဲ အခမ်းအနားအား ရွာသစ်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပထမဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးကျော်သန်း(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)မှ သင်တန်းဆင်း အမှာစကား ပြောကြားသွားရာတွင် နိုင်ငံရေးစီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် ဟာ ပါတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်များကို ပြောင်းလဲလာသောနိုင်ငံရေးအခြေအနေ နှင့်အညီ နိုင်ငံတော်တည်ဆောက်ရေး စီးပွားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာသဘော တရားများ နားလည်သိရှိပြီး ပါတီလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မိမိတို့ပါတီအောင်နိုင်ရေးအတွက် နိုင်ငံရေးနည်း လမ်းကောင်းများရယူရန် ဆိုသည့်အတိုင်း မိမိပါတီဝင် သင်တန်းသား/ သူ များအနေနဲ့ ရည်ရွယ်ချက်များအောင်မြင်အောင် တတ်နိုင်သည့်ဖက်မှ ထောက်ပံ့ပေးကြပါလို့ တိုက်တွန်း ပြောကြား သွားပါကြောင်း၊ အရည်အချင်း ပြည့်ဝသောမျိုးဆက်သစ်လူငယ်များအား စဉ်ဆက်မပြတ် မွေးထုတ်သွားရန်၊ လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချကြရန်လိုအပ်ကြောင်း၊ ပတ်ဝန်းကျင်မှာရှိတဲ့ပြည်သူများကို ဆင့်ပွားမျှဝေစည်းရုံး သွားကြရန်၊ ပါတီဝင်ထုကြီးမားလာအောင်နှင့် မိမိတို့ပါတီကို ယုံကြည်သူ၊ ၀န်းရံသူ၊ ထောက်ခံအားပေးသူတိုးပွားလာအောင်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ စည်းရုံးရေးဆိုတဲ့နေရာမှာ မိမိကိုယ်ကိုစည်းရုံးရေး၊ ပါတီတွင်းစည်းရုံးရေး၊ ပါတီပြင်ပစည်းရုံးရေးဆိုသည့်အတိုင်း ပါတီဝင်အချင်းချင်း စည်းလုံးကြရန် မိမိပါတီဝင်အချင်းချင်းစည်းလုံးမှ ပါတီပြင်ပဖြစ်သော လူထုကို စည်းရုံးနိုင်မှာ ဖြစ်ပါကြောင်း အစရှိသဖြင့် အကျယ်တ၀င့် ပြောကြားသွားပါသည်။

ယင်းနောက် ဘောလခဲမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဟန်ထူးမှ သင်တန်းဆင်းလက်မှတ်များအား သင်တန်းသူ/ သားများကိုယ်စား သင်တန်းသား ဦးသလဲထံသို့ ပေးအပ်ချီးမြှင့်သွားပါသည်။

ထို့နောက် သင်တန်းသူ/သားကိုယ်စား သင်တန်းသား ဦးလှအောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသွားပါသည်။

ယနေ့ နိုင်ငံရေး စီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်းဆင်းပွဲ အခမ်းအနားတွင် ဘောလခဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးအေးမောင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဗဟိုကော်မတီဝင် ဦးကျော်သန်း (အမျိုးသား လွှတ်တော်ကိုယ်စားလှယ်) ဘောလခဲခရိုင်ကော်မတီဝင်များ၊ ဘောလခဲမြို့နယ် အတွင်းရေးမှူး ဦးဟန်ထူးနှင့် မြို့နယ်ကော်မတီဝင်များ သင်တန်းနည်းပြများ၊ သင်တန်းသူ/သားများ စုစုပေါင်းအင်အား(၅၀)ဦး တက်ရောက်ကြောင်းသတင်း ရရှိသည်။

Crd;