မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် နှင့် မင်းဘူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် လူငယ်တွေ့ဆုံပွဲကို စေတုတ္တရာ မြို့နယ်ခန်းမတွင် ယနေ့ နံနက် ၉ နာရီ အချိန်တွင် ကျင်းပခဲ့ရာ ရှေးဦးစွာအခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးပိုက်ထွေး မှအမှာစကားပြောကြားခဲ့ပါသည် ။ အခမ်းအနားကို မကွေးတိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး နှင့် တိုင်းကော်မတီဝင်များ မင်းဘူးခရိုင်ကော်မတီဝင်များ မင်းဘူးမြို့နယ် ကော်မတီဝင်များ စလင်းမြို့နယ်ကော်မတီဝင်များ ပွင့်ဖြူမြို့နယ်ကော်မတီဝင်များ ငဖဲမြို့နယ်ကော်မတီဝင်များ စေတုတ္တရာမြို့နယ်ကော်မတီဝင်များ လူငယ်ကေဒါများ တက်ရောက်ခဲ့ကြပါသည်။