ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ဘောလခဲခရိုင် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဆင်းပွဲ အခမ်းအနား

ဘောလခဲ၊ ဒီဇင်ဘာ( ၂၀) ရက်

ယမန်နေ့ ၂၀-၁၂-၂၀၇ ရက်နေ့ နေ့ခင်း (၂း၀၀)နာရီ (၂း၃၀)နာရီ အချိန်အထိ ကယားပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ဘောလခဲခရိုင်နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား) သင်တန်းဆင်းပွဲ အခမ်းအနားအား ကယားပြည်နယ် ဘောလခဲခရိုင် ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ပါသည်။

ပထမဦးစွာ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ သင်တန်းဆင်း အမှာစကား ပြောကြားသွားပါသည်။

ပါတီဥက္ကဌမှ မိမိတို့ပါတီဟာ ရေရှည်တည်တံ့နိုင်ရေးကို မျှော်မှန်းပြီး ရည်ရွယ်ချက်၊ ရည်မှန်းချက်ကြီးမားစွာဖြင့် သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသူ/သားများမှလည်း မိမိတို့လေ့လာသင်ယူမှုများကို မိမိတို့ရဲ့ဒေသများမှာ လက်တွေ့ပြန်လည် အသုံးချဆောင်ရွက်နိုင်မည်လို့ မျှော်မှန်းပါကြောင်း၊ အတွင်းအပြင် စည်းရုံးခြင်း၊ ၀န်းရံသူများဖြင့် စည်းရုံးခြင်းစသော စည်းရုံးရေးမဟာဗျူဟာချမှတ်ကာ ပါတီိရဲ့အန္တိမရည်မှန်းချက် ဖြစ်တဲ့ ၂၀၂၀ အောင်နိုင်ရေးကို အစွမ်းကုန်ကြိုးစားကြစေလိုကြောင်း၊ သင်တန်းကပို့ချလိုက်တဲ့ ဘာသာရပ် များကို အမြဲမပြတ်လေ့လာရင်း လေ့လာနေရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့အရေးဟာ ဘက်ပေါင်းစုံ အကျဘက်ရောက်နေတာကို တွေ့မြင်နေရကြောင်း၊ အထူးသဖြင့် စီးပွါးရေးကဏ္ဍမှာ အကျဘက်ရောက်နေပြီး ပြည်သူတွေရဲ့ စားဝတ်နေရေး အကျပ်အတည်းဖြစ်နေရခြင်းကြောင့် အနာဂါတ်နိုင်ငံတော်အတွက် စိုးရိမ်မိပါ ကြောင်း၊ မီဒီယာမဏ္ဍိုင်လို့ခေါ်တဲ့ မီဒီယာရဲ့ အခန်းကဏ္ဍဟာ ပါတီအောင်နိုင်ရေးမှာ အဓိကကျတဲ့နေရာမှာရှိ တဲ့အတွက် မီဒီယာအသုံးချနိုင်ရေးကို ဆင့်ကဲဆင့်ကဲ လေ့လာသင်ယူစေလိုကြောင်း၊ သင်တန်းဆင်းများဟာ သင်တန်းမှဆွေးနွေးပို့ချပေးလိုက်တဲ့ ဘာသာရပ်ကို အသုံးချပြီး ပါတီထုနှင့်ပြည်သူများကို ပိုမိုစည်းရုံးကြပါ။ နိုင်ငံရေးအသိအမြင် ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင်နှင့် ပါတီရဲ့ရည်မှန်းချက်ဖြစ်တဲ့ ၂၀၂၀ အောင်နိုင်ရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသွားပါသည်။

ယင်းနောက် သင်တန်းဆင်းလက်မှတ်များကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်မှ သင်တန်းသား များကိုယ်စား သင်တန်းသား မောင်အောင်သူရစိုးထံသို့ လည်းကောင်း၊ ဆက်လက်ပြီး သင်တန်းဆင်း လက်မှတ်များကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းမှ သင်တန်းသူများကိုယ်စား မအေးစိန်ထံ သို့ လည်းကောင်း သင်တန်းဆင်းလက်မှတ်အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်ပြီး ဘောလခဲမြို့နယ်ပါတီအတွင်းရေးမှူး ဦးဟန်ထူးမှ နှစ်သိမ့်ဆုရရှိသူ ဘောလခဲမြို့နယ်မှ (ကသ-၆) ဦးဝင်းမောင်ထံသို့ လည်းကောင်း၊ ဘောလခဲခရိုင် ပါတီအတွင်းရေးမှူး ဦးချစ်ဦးမောင်မှ နှစ်သိမ့်ဆုရရှိသူ မယ်စဲ့မြို့နယ်မှ (ကသ-၂၉) မဟေဇင်ဇောထံသို့ လည်းကောင်း၊ ဆက်လက်ပြီး ကယားပြည်နယ် ပါတီအတွင်းရေးမှူး ဦးဌေးရယ်မှ နှစ်သိမ့်ဆုရရှိသူ ဘောလခဲမြို့နယ်မှ (ကသ-၄၇) မခင်ဝေဦးသို့ လည်းကောင်း၊ ဆက်လက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်မှ သင်တန်း ထူးချွန်ဆု တတိယဆုရရှိသူ ဖါးဆောင်းမြို့နယ်မှ (ကသ-၃၀) မမိုးမိုးလှိုင်သို့ လည်းကောင်း၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးရွှေမှ ဒုတိယဆုရရှိသူ မယ်စဲ့မြို့နယ်မှ (ကသ- ၁၁ ) ဒေါ်အေးအေးထွန်းထံ သို့ လည်းကောင်း၊ ကယားပြည်နယ်ပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ ပထမဆုရရှိသူ ဖါးဆောင်းမြို့နယ်မှ (ကသ-၁၇) ဒေါ်တင်တင်ဦးတို့အား လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်ပြီး သင်တန်းသူ/သားကိုယ်စား သင်တန်းသူ ဖါးဆောင်းမြို့နယ်မှ မမေယုလွင်က ကျေးဇူးတင် စကား ပြန်လည်ပြောကြားသွားပါသည်။

ယနေ့ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကယားပြည်နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း၊ အတွင်းရေးမှူး ဦးဌေးရယ် ဘောလခဲမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်နှင့် ဦးအေးရွှေ၊ ပြည်နယ်ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ ဘောလခဲခရိုင် အတွင်းရှိ မြို့နယ်အသီးသီးမှ ပါတီဥက္ကဌများနှင့် ကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသူ/ သားများ စုစုပေါင်းအင်အား (၈၀) ကျော် တက်ရောက်ကြောင်း သင်တန်းဆင်းပွဲအပြီးတွင် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများ သင်တန်းနည်းပြများနှင့် သင်တန်းသူ/သားများသည် မြို့နယ်အလိုက် အမှတ်တရဓါတ်ပုံများ စုပေါင်းရိုက်ကြောင်း သတင်းရရှိသည်။