ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုမယ့် လေအေးပေးစနစ်ကို စိုက်ပျိုးရေးလုပ်ငန်းများတွင် စတင်အသုံးပြု

 ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုသွားမယ့် လေအေးပေးစနစ်ကို ကာတာနိုင်ငံရဲ့ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ စတင်အသုံးနေပြီဖြစ်ကြောင်း သိရပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမယ့် ဘောလုံးကွင်းတွေမှာ အသုံးပြုသွားမယ့် အအေးပေးစနစ်က အလွန်အရေးပါတဲ့ ကဏ္ဍတစ်ရပ်မှ ပါဝင်နေကြောင်း ကာတာအမွေအနှစ် ထိန်းသိမ်းရေးနဲ့ လက်ဆင့်ကမ်းရေးကော်မတီ အထွေထွေအတွင်းရေးမှုး ဟတ်ဆန်အယ်လ်သာဝတီက ပြောကြားခဲ့ပါတယ်။

ဘောလုံးကွင်းတွေထဲမှာ အသုံးပြုသွားမယ့် လေအေးပေးစနစ်တွေက အပူဒဏ်ကြောင့် ဖြစ်ပေါ်လာမယ့် ကစားသမားတွေရဲ့ စွမ်းအင်ကုန်ခမ်းမှုကို လျော့ချပေးနိုင်မှာ ဖြစ်သလို၊ လာရောက်အားပေးတဲ့ ပရိသတ်တွေ အနေနဲလည်း ပြင်ပအပူချိန်ကို ဂရုစိုက်စရာမလိုဘဲ သက်တောင့်သက်သာနဲ့ အားပေးနိုင်မှာ ဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံမှာ ဆောင်းရာသီဖြစ်တဲ့ နိုဝင်ဘာလ(၂၁)ရက်နေ့ကနေ စတင်ကျင်းပ သွားမှာဖြစ်ပြီး ပုံမှန်ကျင်းပနေကြဖြစ်တဲ့ ဇွန်လကနေ ပြောင်းလဲကျင်းပသွားမှာ ဖြစ်ပါတယ်။

ကာတာနိုင်ငံအနေနဲ့ ဆောင်းရာသီအချိန်မှာတောင် အနိမ့်ဆုံးအပူချိန်က (၃၀)ဒီဂရီဆဲလ်စီးရပ်စ်အထိ ရှိနေနိုင်တာ ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမယ့် မြို့တိုင်းလိုလိုမှာ လေအေးပေးစနစ်ကို အသုံးပြုသွားဖွယ် ရှိနေပါတယ်။

-Ref; Sky sports