ဝန်ကြီးဌာနနှစ်ခုတိုးချဲ့ပြီး ၀န်ကြီးနှစ်ဦးခန့်အပ်လိုကြောင်း လွှတ်တော်ကို သမ္မတတင်ပြ

ပြည်ထောင်စုဝန်ကြီးဌာနနှစ်ခု တိုးချဲ့ဖွဲ့စည်းကြောင်းနဲ့ ၀န်ကြီးနှစ်ဦးကို ခန့်အပ်တာဝန်ပေးလိုကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြလိုက်ပါတယ်။ တိုးချဲ့ဖွဲ့စည်းဖို့ တင်ပြခဲ့တဲ့ဝန်ကြီးဌာန နှစ်ခုကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာနတို့ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအတွက် အမျိုးသားလုံခြုံရေး ဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း က တာဝန်ယူမှာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနအတွက် လက်ရှိနိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးကျော်တင်က တာဝန်ယူမှာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ ၀န်ကြီးဌာန (၂၂)ခုရှိပြီး အသစ်ထပ်မံတင်ပြလိုက်တဲ့ ၀န်ကြီးဌာန (၂)ခုတိုးလာမယ်ဆိုရင် (၂၄)ခုရှိလာမှာဖြစ်ပါတယ်။

 

5 PLUS NEWS