ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ (၈) မြို့နယ် လူငယ် ခေါင်းဆောင်များ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့​နိုင်ငံကြီးများအကြောင်း စာတမ်းဖတ်ကြားဆွေးနွေး

မြောက်ပိုင်းခရိုင် နိုဝင်ဘာ ၁၅

ရန်​ကုန်မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီသည် (၈ ) မြို့နယ် လူငယ်ခေါင်းဆောင်များက မြန်မာ့အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံကြီးများအကြောင်း စာတမ်းပြုစု ဖတ်ကြားဆွေးနွေးပွဲ အား ယမန်နေ့နံနက် ၁၀ နာရီအချိန်မှ စတင်ကာ ခရိုင်ပါတီရုံးတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ယင်းဆွေးနွေးပွဲတွင် ရန်​ကုန်​မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် လူငယ်အဖွဲ့ ကိုယ်စားလှယ် တစ်ဦးစီက မိမိတို့တာဝန်ယူ ဆွေးနွေးရသည့် နိုင်ငံတစ်ခုချင်းအကြောင်းအရာကို စနစ်​တကျ စာတမ်းပြုစုကာ ဖတ်ကြား ဆွေးနွေးကြပါသည်။

ယင်းနောက် တက်ရောက်လာသူများကလည်း နိုင်ငံတကာရေးရာများ၏ သိလိုသည်များကို မေးခွန်းများ မေးမြန်းကြကာ အပြန်အလှန်နှီးနှော ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

ထိုနိုင်ငံတကာရေးရာ စာတမ်းဖတ်ကြားဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီ၊ မြောက်ပိုင်းခရိုင်တာဝန်ခံ ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်း၊ တိုင်းပါတီကော်မတီဝင် ဦးခင်မောင်တင့်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးတင်ယုနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြောက်ပိုင်းခရိုင် မြို့နယ်ပါတီဥက္ကဋ္ဌများက ကြွရောက်ချီးမြှင့် အားပေးခဲ့ကြပါသည်။

ယမန်နေ့ကကျင်းပပြုလုပ်သည့် ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ (၈) မြို့နယ် လူငယ်ခေါင်းဆောင်များက စာတမ်းပြုစု တင်ပြဆွေးနွေးကြသော ကမ္ဘာ့နိုင်ငံများ (၉) ခု၏ စာတမ်းများကို ခရိုင်ပါတီရုံးတွင် စနစ်​တကျ မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

Tin Maung Zaw