ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကယားပြည်နယ် နယ်မြေ တာဝန်ခံနှင့် ပြည်နယ်ပါတီ ခရိုင်ပါတီများနှင့် မြို့နယ်ပါတီများ လုပ်ငန်း ညှိနိုင်းအစည်းအဝေး

ကယားပြည်နယ်၊ လွိုင်ကော်၊ နိုဝင်ဘာလ (၁၆) ရက်

၁၆-၁၁-၂၀၁၇ ရက်နေ့ နံနက်(၁၀း၃၀)နာရီ အချိန်တွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အောက်ထပ် အစည်းအဝေးခန်းမတွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ   လွိုင်ကော်ခရိုင်၊ ဘောလခဲခရိုင်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ရှားတောမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖါးဆောင်းမြို့နယ်နှင့် မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌများ၊ အတွင်း ရေးမှူးနှင့် ဘဏ္ဍာရေးမှူးများနှင့် တွေ့ဆုံကာ ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ပါသည်။

ပထမဦးစွာ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင် သိန်းမှ ရှေ့ဆက်လက်လုပ်ဆောင်ရမည့် ပါတီရေးရာကိစ္စရပ်များအား လမ်းညွှန်အမှာစကား ပြောကြားသွားပါသည်။

ဆက်လက်ပြီး ပြည်နယ်အတွင်းရေးမှူးနှင့် ပြည်နယ်ကော်မတီဝင်များမှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြပါသည်။ ထို့နောက်တက်ရောက်လာကြသော ခရိုင်ပါတီများနှင့် မြို့နယ်ပါတီ ဥက္ကဌများ အတွင်းရေးမှူးများက မိမိမြို့နယ်ပါတီအခြေအနေများအား ပွင့်ပွင့်လင်းလင်း အသီးသီးဆွေးနွေး တင်ပြကြပါသည်။

အဆိုပါတင်ပြဆွေးနွေးချက်များအား ပြည်နယ်ပါတီဥက္ကဌ ဦးပိုးရယ် အောင်သိန်းမှ ပြန်လည်ရှင်းလင်းဆွေးနွေးသွားပါသည်။ နေ့လည် (၁၂) နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (ကယားပြည်နယ် နယ်မြေတာဝန်ခံ) ဦးဝင်းမြင့်မှ လက်ရှိပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းဆောင်ရွက်ချက်များ၊ နိုင်ငံရေးအခြေအနေများ၊ ရှေ့ဆက် ဆောင်ရွက်ရန်လုပ်ငန်းများ အသေးစိတ်ဆွေးနွေးသွားကာ နိဂုံးချုပ်အမှာစကား ပြောကြားသွားပါသည်။

ယင်းအစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (ကယားပြည်နယ်တာဝန်ခံ) ဖါးဆောင်းမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၊ ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း၊ အတွင်းရေးမှူး ဦးဌေးရယ်၊   ပြည်နယ်ကော်မတီဝင်များ၊ လွိုင်ကော်ခရိုင်၊ ဘောလခဲခရိုင်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ရှားတောမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖါးဆောင်းမြို့နယ်နှင့် မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌများ အတွင်းရေမှူးများနှင့် ဘဏ္ဍာ ရေးမှူးများ စုစုပေါင်းအင်အား (၄၀) ဦး တက်ရောက်ခဲ့ကြပြီး နေ့လည် (၁၂း၃၅) နာရီအချိန်တွင် ပြီးစီးကြောင်း သတင်းရရှိသည်။