ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

ဇီးကုန်း နိုဝင်ဘာ ၎

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမဆောင်တွင် ယမန်နေ့ နံနက် ၉ နာရီက ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသော လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို တိုင်းဒေသကြီး ပါတီဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်ထားထားနု၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးသန်းဇော်ထွန်းတို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

သင်တန်းကို နိုင်ငံတော်အလံနှင့် ပြည်ခိုင်ဖြိုးပါတီအလံတို့အား အလေးပြုပြီး နိုင်ငံတော်သီချင်းဖြင့်ဖွင့်လှစ်၍ တိုင်းဒေသကြီးဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးကော်မတီ ဦးသန်းဇော်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါ်ထားထားနုက ယနေ့ဖွင့်လှစ်ပေးသော သင်တန်းကို ဇီးကုန်း၊ ကြို့ပင်ကောက်၊ နတ္တလင်းရှိ လူငယ်မောင်မယ်များသည် အနာဂတ်၏လင်းလက်တောက်ပလာမည့် လင်းလက်ကြယ်များဖြစ်ပြီး ညီရင်းအစ်ကိုမောင်ရင်းနှမ စိတ်ဖြင့် တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

သင်တန်းတွင် လူငယ်ရေးရာတာဝန်ခံ ဦးခင်ဝင်း၊ မီးသတ်ဦးစီးဌာန ဒုဦးစီး ဦးသက်ပိုင်ထွန်း၊ ကြက်ခြေနီအဖွဲ့တို့ မှ သင်ကြားပြသသွားမည် ဖြစ်ကြောင်း၊ သင်တန်းကာလမှာ သုံးရက် တိတိ သင်ကြားပို့ချကာ လူငယ် မောင်မယ်လေးများ အနာဂတ်အတွက် ထွန်းတောက်လာသော ကြယ်ကလေးများဖြစ်လာစေရန် ရည်ရွယ်၍ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

စိုးသစ္စာ၊ထိုက်ထိုက်