ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာ လုပ်ငန်း အစည်းအဝေးကျင်းပ

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာ ကော်မတီအစည်အဝေးကို ယမန်နေ့ အောက်တိုဘာ ၁၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့  ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်လူငယ်ရေးရာတာဝန်ခံ ဒေါက်တာတိုးတိုးအောင်၊ မွန်ပြည်နယ် ၁၀ မြို့ နယ်၊ ခရိုင် ၂ ခရိုင်မှလူငယ်ရေးရာ တာဝန်ခံများ တက်ရောက်ကြကြောင်း သိရသည်။

အစည်းအဝေးတွင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးမှ အဖွင့် အမှာစကားပြောကြားပြီး ပြည်နယ်လူငယ်ရေးရာတာဝန်ခံမှ လူငယ် ရေးရာလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများ၊ ဆောင်ရွက် ဆဲ၊ ရှေ့ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော လူငယ်ရေးရာတာဝန်ခံများမှ မိမိတို့မြို့နယ် အလိုက် ဆောင်ရွက်ထားရှိမှုများအား တင်ပြဆွေးနွေးကြသည်။

ထို့နောက် ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦးမှ ဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မွန်ပြည်ခိုင်ဖြိုး