မျက်ကွင်းညိုတာကို အမြန်ဆုံးသက်သာပျောက်ကင်းချင်ရင်

မျက်ကွင်းညိုတာ မျက်အိတ်ဖြစ်တာဟာ အလှပကြိုက်တဲ့သူတွေအတွက်တော့ စိတ်အနှောင့်အယှက် ဖြစ်စရာပါပဲ။ အဲဒီလိုမျက်ကွင်းညိုရတဲ့ အဓိကအကြောင်းရင်းကတော့ စိတ်ဖိစီးမှု၊ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာမစားခြင်း၊ ဓာတ်မတည့်ခြင်း၊ အိပ်ရေးပျက်ခြင်းတွေလည်းပါဝင်ပါတယ်။

ကျန်းမာရေးနဲ့ညီညွတ် မျှတအောင် စားပြီး အိပ်ရေး၀၀ အိပ်ပေးမယ်ဆိုရင်တော့ မျက်ကွင်းညိုတာကို အလွယ်တကူ တိုက်ဖျက်နိုင်မှာ ဖြစ်ပါတယ်။

၁။ ဗီတာမင် K ဗီတာမင်K ဟာ မျက်ကွင်းညိုတာကို အမြန်ဆုံးသက်သာပျောက်ကင်းစေတဲ့ အာဟာရဓာတ် ဖြစ်ပါတယ်။ ဗီတာမင် K ပါဝင်တဲ့အစားအစာကို စားပေးတာဟာ သွေးလည်ပတ်မှုကိုကောင်းမွန်စေသလို မျက်ကွင်းညိုတာကိုလည်း သက်သာစေပါတယ်။ ကြက်သွန်နီ၊ ပန်းမုန်လာစိမ်း၊ ဂေါ်ဖီထုပ်၊ နီကိုဥ၊ သခွားသီး စတာတွေအပြင် တခြားအသီးအရွက်တွေကို စားပေးပါ။

၂။ ဗီတာမင် C ဗီတာမင် C ဓာတ်သာ အသားအရေကို လှပစေလို့ မျက်အိတ်ဖြစ်တာကို အကောင်းဆုံး သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဗီတာမင် C ကို လိမ္မော်သီး၊ ကီဝီသီး၊ သံပုယိုသီး၊ သင်္ဘောသီး၊ စတော် ဘယ်ရီသီးစတဲ့ အသီးအနှံတွေမှာရရှိနိုင်ပါတယ်။ အဲဒီအစားအစာတွေကို တစ်နေ့ အနည်းငယ်လောက် စားပေးတာဟာ အသားအရေအတွက်ရော မျက်ကွင်းညိုတာအတွက်ပါ ကောင်းမွန်စေပါတယ်။

၃။ ဗီတာမင် A         ဗီတာမင် A ဓာတ်ဟာ အိုမင်းရင့်ရော်မှုကို အကောင်းဆုံးတားဆီးပေးနိုင်ပြီး မျက်ကွင်းညို တာကို ထိရောက်ဆုံးသက်သာပျောက်ကင်းစေပါတယ်။ မုန်လာဥနီ၊ ကန်ဇွန်းဥ၊ သရက်သီး၊ ကြက်ဥ၊ သင်္ဘောသီး၊ ရွှေဖရုံသီးစတဲ့ ဗီတာမင် A ကြွယ်ဝတဲ့အစားအစာကို နေ့စဉ်စားပေးသင့်ပါတယ်။

၎။ ဗီတာမင် E ဗီတာမင် E ဟာ မျက်ကွင်းညိုတာကို သဘာဝအတိုင်း သက်သာပျောက်ကင်းစေတဲ့ အကောင်းဆုံး အာဟာရဓာတ်ဖြစ်ပါတယ်။ ဗီတာမင် E ဟာ သင့်အသားအရေကို တောက်ပကြည်လင်စေမှာပါ။ နေကြာစိ၊ သံလွင်ဆီ၊ ကီဝီသီး၊ ပြောင်းဖူး၊ သရက်သီး၊ ထောပတ်သီး စသဖြင့် ဗီတာမင် E ကြွယ်ဝတဲ့ အစားအစာကိုထည့်စားပါ။

၅။ သဘာဝနည်းလမ်းတွေနဲ့လုပ်မယ် အကောင်းဆုံးကတော့ညဖက်ကို အိပ်ရေး၀၀အိပ်မယ်။ ညအိပ်ယာ မ၀င်ခင် မျက်နှာကိုသေချာသစ်ပြီး မျက်လုံးအောက်မှာ ခရင်မ်တစ်မျိုးလိမ်းပေးမယ်။ မနက်ခင်းမှာ ရေခဲတုံးနဲ့ မျက်လုံးအောက်ကို ကပ်ပေး၊ ပွတ်ပေးမယ်။ Sunscreen လိမ်းပေးမယ်။ နေ့လည်ဖက်အားရင် (သို့) ညနေဖက်မှာ သခွားသီး (သို့) အာလူးကို ပါးပါးလှီးပြီး မျက်လုံးအောက်မှာ ကပ်ပေးပါ။ ခရမ်းချဉ်သီးကိုလည်း မျက်လုံးအောက်မှာ ကပ်ပေးလို့ရပါတယ်။ နို့ကို ရေခဲသေတ္တာထဲထည့်အအေးခံပြီး မျက်လုံးအောက်မှာ လိမ်းပေးထားတာ ဟာလည်း မျက်ကွင်းညိုတာကို သက်သာစေပါတယ်။

Credit: Mystylemyanmar