နတ်တလင်း ပြည်ခိုင်ဖြိုးပါတီ သန့်ရှင်းရေးပြုလုပ်၍ ကုသိုလ်ယူ

 

ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီကော်မတီဝင်များနှင့် မျိုးဆက်သစ်ပါတီဝင်လူငယ် များ စုစုပေါင်းအင်အား ၇၅ ဦးတို့သည် ယမန်နေ့ နံနက် ၈ နာရီက နတ်တလင်းမြို့နယ် သာစည်ရပ်ကွက် အိုးမြေတွင်း ခေမာသီဝံ ဘုန်းတော် ကြီးကျောင်းဝင်းအတွင်း၌ အမှိုက်များကောက်ခြင်း၊ ချုံနွယ်များ ရှင်းလင်းခြင်း၊ မြေသားချိုင့်ဝှမ်းများအား မြေဖို့ခြင်း၊ ကျောင်းတိုက်များ အတွင်းအပြင် တံမြက်စည်းလှည်းခြင်းနှင့် ကျောင်းတိုက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းစသော        လုပ်ငန်းများကို ဆောင်ရွက်လုပ်ကိုင်ကာ ကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။

ဝင်းမြင့်(နတ်တလင်း)