ပြည့်သူ့အကျိုးပြု ကွင်းဆင်းဆောင်ရွက်ခြင်း

 

(၈-၈-၂၀၁၇)ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ ခရိုင်ကော်မတီဝင် ဦးကျဒေါလော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းရွှေ ထွန်းနှင့် မြို့နယ်ကော်မတီဝင်များ၊ ပါတီလူငယ်အင်အား(၂၀)ဦးတို့သည် တာလေမြို့နယ်သို့ ကွင်းဆင်းသွားရောက်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်း များ ဆောင် ရွက်ခဲ့ကြပါသည်။

ရှေးဦးစွာ(အ.မ.တ-ပန်ဟတ်)ကျောင်းအုပ်ဆရာကြီး ဦးသန်းထိုက်၏ အကူအညီတောင်းခံထားသည့် စာသင်ကျောင်းခန်း ရေစိမ့်ဝင်နေ၍ ရေတားအုတ်တံတိုင်းလိုအပ်နေခြင်းကို စတင်ကြည့်ရှု့ပြီး ကူညီပေးနိုင် ရေး ကိစွများကို ညှိနှိုင်းခဲ့ပါသည်။

ဆက်လက်၍ တာလေမြို့နယ်မှ ကျိုင်းတုံတပ်မတော်ဆေးရုံသို့ ဆေးကု သ သွားမည့် ဦးစိုးဝင်း+ဒေါ်နာဟဲတို့၏ (၂)နှစ် သမီးလေး မပပ၀င်း ဦးနှောက်ရောင် ရောဂါဝေနာရှင်အား တွေ့ဆုံပြီး အားပေးစကား ပြောကြားခြင်း၊ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်း၊ မြို့နယ်ဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်းတို့မှ ကျပ်(၁)သိန်း လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီဝင် ကျေးရွာဖြစ်သည့် မိုင်းလင်းအုပ်စု၊ ကျော်အောင်ရွာ ပါတီဝင်(၃၀)ဦး၊ ဟွေဟယ်ကျေးရွာ(အပေါ်/အောက်)ကျေးရွာ ပါတီဝင်(၄၀)ဦးဖြင့် တစ်ရွာခြင်း တွေ့ဆုံပြီး H1N1ရောဂါ အကြောင်း အသိပညာပေးခြင်း ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး ခြင်း၊ ကျော်အောင်ရွာ အိမ်(၃၀)၊ ဟွေဟယ်(အပေါ်ရွာ) ၄၀အိမ်၊ အောက် ရွာ(၃၀)အိမ်၊ စုစုပေါင်း အိမ်(၁၀၀)အား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန် ခြင်ဆေးများ တစ်အိမ်ခြင်း(အခမဲ့)ဖြန်းပေးခြင်းများကို နေ့လည်(၁၁း၃၀)မှ (၁၃း၃၀)အထိ ဆောင်ရွက်ခဲ့ပြီး တာလေတွင် နေ့လည်စာ သုံးဆောင်ခဲ့ကြပါသည်။

ထို့နောက် လားဟူတိုင်းရင်းသား လူငယ်များ ချစ်ကြည်ရေး ဘောလုံးကန် ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် တာလေလူငယ်အသင်းခေါင်းဆောင် ဦးအောင်ထန်အား NARAMI ကုမ္မဏီတာဝန်ခံ ၊မြို့နယ်ပါတီ ဥက္ကဌ ဦးစိုင်းရွှေထွန်း မှဘော့လုံးအသင်းဝတ်စုံများ လှူဒါန်းပြီး ညနေ(၁၆း၂၀)တွင် တာချီလိတ်သို့ ပြန်လည်ရောက်ရှိကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ