ဂျပန်က အမျိုးသမီး မတက်ရတဲ့ကျွန်း ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ဖွယ်ရှိ

အမျိုးသမီးတွေကို ခြေချခွင့်မပြုတဲ့ ဂျပန်က ကျွန်းတစ်ကျွန်းဟာ ကမ္ဘာ့ယဉ်ကျေးမှုနေရာအဖြစ် UNESCO က သတ်မှတ်ပေးဖို့အတွက် အမည်စာရင်း တင်သွင်းခံခဲ့ရပါတယ်။

 

ဘာသာရေးအရ အဲဒီကျွန်း အိုကီနိုရှီမာပေါ်ကို အမျိုးသားတွေသာ တက်ရောက်ခွင့်ရှိတာ ဖြစ်ပါတယ်။ ဒီကျွန်း ပေါ်ကနေ မြက်တစ်ပင်၊ စက္ကူတစ်စတောင် ယူသွားခွင့်လည်း မရှိတဲ့ မြင့်မြတ်ကျွန်း ဖြစ်ပါသတဲ့။

အဲဒီကျွန်းကို ကမ္ဘာ့အမွေအနှစ်စာရင်းမှာ သွင်းဖို့အတွက် အမည်စာရင်းတင်သွင်းထားတာဖြစ်ပါတယ်။ လာမယ့် ဇူလိုင်လ UNESCO အစည်းအဝေးမှာ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ မူနာကာတာ တိုင်ရှာအိုကီဆူမီယာ ဘုရား ကျောင်းလည်း တည်ရှိပြီးတော့ ပင်လယ်နတ်ဘုရားအတွက် တည်ဆောက်ထားတဲ့ နတ်ကွန်း ဖြစ်ပါတယ်။

ရေလမ်းကြောင်း လုံခြုံရေးအတွက် ပူဇော်ပသရတဲ့ အယူအဆလည်း ရှိကြပါတယ်။ ကျွန်းပေါ်တက်မယ့် အမျိုးသားတွေဟာလည်း ကိုယ်တုံးလုံးချွတ်ပြီး အရင်ရေချိုးကြရပြီး သူတို့ခရီးစဉ်နဲ့ ကျွန်းပေါ်မှာ တွေ့ခဲ့သမျှ တွေကို ပြန်လည် မပြောရပါဘူးတဲ့။

# The Voice