အချိန်မီပြန်မလာသော မြန်မာလုပ်သားများ၏ အထောက်အထား စာရွက်စာတမ်းများ ပျက်ပြယ်သွားကြောင်း ထိုင်းအစိုးရ ထုတ်ပြန်

သင်္ကြန်ကာလ ရုံးပိတ်ရက်ကုန်ဆုံးပြီးနောက် သတ်မှတ်ကာလအတွင်း ထိုင်းနိုင်ငံသို့ အချိန်မီ ပြန်မလာနိုင်ကြ သော ရွှေ့ပြောင်းမြန်မာလုပ်သားများကို ထိုင်းအစိုးရက ပြန်လည်ဝင်ရောက်ခွင့် ပေးမည်မဟုတ်ဘဲ ၎င်းတို့ ကိုင်ဆောင်ထားသည့် ပတ်စ်ပို့၊ ပန်းရောင်ကတ်နှင့် CI စာအုပ်များလည်း ပျက်ပြယ်ကြောင်း ထိုင်းအစိုးရက ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်မရသော မြန်မာလုပ်သားများသည် နှစ်နိုင်ငံသဘောတူညီမှုစာချွန် လွှာ (MoU) စနစ်ဖြင့်သာ ပြန်လည်ဝင်ရောက်ရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ထပ်မံအသိပေးထားသည်။

‘‘သတ်မှတ်ရက်အတွင်း ပြန်မလာနိုင်ရင်တော့ သူတို့ ဥပဒေအတိုင်းပဲ။ အစောကြီးကတည်းက ကြေညာထား တာပဲလေ။ သတ်မှတ်ရက်အတွင်းပြန်ဖို့၊ သတ်မှတ်ရက်အတွင်းဝင်လာဖို့။ အခုက မြန်မာလုပ်သားတွေက အောက်လမ်းကနေလည်း ပြန်ကြတာပဲ။ တရားဝင်တုံးထုပြီးလည်း ပြန်ကြတာပဲ။ အခုတော့ MoU နဲ့ပဲ ပြန်ဝင်လာဖို့ရှိတာပဲ’’ ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က ပြောသည်။

‘‘MoU နဲ့ တရားဝင်ပြန်သွားဖို့နည်းလမ်းပဲ ကျန်တာပေါ့။ ခိုးဝင်ရင်တော့ အန္တရာယ်ရှိတယ်။ လုံခြုံစိတ်ချရတဲ့ နည်းလမ်းကိုသာ သုံးဖို့အကြံပြုချင်ပါတယ်။ တရားမဝင်နည်းလမ်းက အခန့်မသင့်ရင် အသက်ဆုံး၊ ထောင်ကျ စတဲ့ အန္တရာယ်တွေဖြစ်တတ်တယ်’’ဟု ထိုင်းရောက်မြန်မာ လုပ်သားများအရေး ကူညီဆောင်ရွက်နေသော ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောသည်။

သင်္ကြန်ကာလ ရုံးပိတ်ရက်တွင် နေရပ်ပြန်သွားသော ရွှေ့ပြောင်းမြန်မာလုပ်သားများကို ထိုင်းအစိုးရက ခွင့်ပြု ထားသည့် ရက်အတွင်း အချိန်မီ ပြန်လာရန်နှင့် ထုတ်ပြန်ထားသည့် ထိုင်းနိုင် ငံ ဥပဒေကို လေးစားလိုက်နာရန် လိုအပ်ကြောင်း ဦးမိုးအောင်ခိုင်က ပြီးခဲ့သည့် ဧပြီ ၂၄ ရက်၌  သတိပေး ပြောကြားထားသည်။

ထိုင်းအစိုးရက မြန်မာလုပ်သားများကို ယခုနှစ် သင်္ကြန်ပွဲတော်ကာလတွင် ဧပြီ ၅ ရက်မှ ၃၁ ရက်အထိ ၂၅ ရက်ကြာ ခွင့်ရက်များပေးထားသည်။ သင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း တရားမဝင်နည်းလမ်းဖြင့် နေရပ်ပြန် လာသော ထိုင်းရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများသည် သင်္ကြန်ကာလပြီးဆုံး၍ ထိုင်းနိုင်ငံအတွင်း ပြန် လည်ဝင်ရောက်ရာ၌ ဝင်ခွင့်မရ ဖြစ်နေသည်။

နေရပ်ပြန်သူများအနက် အထောက်အထား စာရွက်စာတမ်းများဖြင့် တရားဝင်ဂိတ်မှ တံဆိပ်တုံးထု၍ နေရပ် ပြန်သူများ ရှိသကဲ့သို့ တရားမဝင်နည်းလမ်းဖြင့် နေရပ်ပြန်ကြသူအချို့ ရှိကြောင်း ဦးမိုးအောင်ခိုင်က ပြော သည်။

တရားမဝင်နည်းလမ်းဖြင့် နေရပ်ပြန်သူများသည် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် ထိုင်း ရဲတပ်ဖွဲ့က လက်မခံသောကြောင့်  ဝင်ခွင့်ရရန် အခက်အခဲ များဖြစ်ပေါ်နေပြီး ဝင်ရောက် ခွင့်ရရှိရန် အလုပ်သမားသံအရာ ရှိတစ်ဦးထားရှိ၍ ဖြေရှင်းဆောင် ရွက်နေကြောင်း ၎င်းကဆိုသည်။ ယခုနှစ် သင်္ကြန် ပွဲတော် ခွင့်ရက်အတွင်း ထိုင်းရောက် မြန်မာ လုပ်သားငါးသောင်းကျော် နေရပ် ပြန်ကြောင်း ဦးမိုးအောင်ခိုင်က ပြောသည်။

# 7 Day