ပေါ့ဂ်ဘာ၊ စမောလင်းနှင့် ဘိုင်လီလေ့ကျင့်ခန်းဆင်း၊ ဆယ်လ်တာဗီဂိုက အနိုင်ရမည်မျှော်လင့်

ယူရိုပါလိဂ်ဆီး မီးဖိုင်နယ် ပထမအကျော့ပွဲမတိုင် မီ မန်ယူအသင်းမှ ပေါ့ဂ်ဘာ၊ စမောလင်း၊ ဘိုင်လီနှင့် ဂျုန်းတို့ အာလုံးအတူ  လေ့ကျင့်ခန်းဆင်း ခဲ့ရာ မန်ယူအတွက် အားတက် စရာဖြစ်ခဲ့သည်။

ယင်းကစားသမားများသည် ဆယ်လ်တာဗီဂိုသို့ မသွားရောက်မီ တစ်ရက်က  မန်ယူအသင်းနှင့်အတူ လေ့ကျင့် ခန်းဆင်းခဲ့ကြသည်။ ပေါ့ဂ်ဘာသည် မန်ယူအသင်း၏ မန်စီးတီး၊ ဆွမ်ဆီးနှင့်ပွဲများ လွဲချော်ခဲ့ပြီးနောက် အသင်းတွင် ပြန်ပါလာမည်ဟု မျှော်လင့်ထားသော်လည်း ဘိုင်လီသည် ဆွမ်ဆီးနှင့်ပွဲတွင် ထွက်ခဲ့ပြီးနောက် ယခုသီတင်းပတ် ပွဲစဉ်များ လွဲချော်မည်ဟု ခန့်မှန်းနေကြသည်။

စမောလင်းနှင့် ဂျုန်းသည် မတ်လက အင်္ဂလန်အသင်းပွဲစဉ်များတွင် ဒဏ်ရာရခဲ့သဖြင့် ပြန်လည်ကစားနိုင်ရန် မျှော်လင့်မထားပေ။ မော်ရင်ဟိုကိုယ်တိုင် ၎င်းတို့ ပြန်ကောင်းလာမည်ကို မျှော်လင့်မထား၍ ဤသို့ပြန်လည် လေ့ကျင့်နိုင်ခြင်းသည် အားတက်စရာ ဖြစ်ခဲ့သည်။

ထိုအတောအတွင်း ဆယ်လ်တာဗီဂိုမှဆွီဒင်တိုက်စစ်မှူး ဂျွန်ဂူဒက်ကီက ၎င်းတို့အသင်းသည် မန်ယူကို မထင်မှတ်ဘဲ အနိုင်ယူနိုင်သည်ဟု ယုံကြည်နေသည်။

‘‘ကျွန်တော်တို့ဟာ အသင်းသေးလေးပါ။ တခြားအသင်းတွေက သိပ်သတိမထားမိကြဘူး။ ဒါပေမဲ့ ကျွန်တော် တို့ ဘယ်လောက်ကောင်းကြောင်းကိုယ့်ဘာသာ သိတယ်’’ ဟု ဂူဒက်ကီက ပြောပြီး ဘာစီလိုနာကို ၂နှစ် ဆက်တိုက် အနိုင်ယူခဲ့ပြီး ရီးရဲလ်ကို ဘုရင့်ဖလားမှ ထွက်ရအောင်လုပ်နိုင်ခဲ့ကာ  အသင်းကောင်းဖြစ်ကြောင်း ပြသထားသည် ဟု ပြောသည်။ မန်ယူကို အနိုင်ရနုင်သော်လည်း အကောင်းဆုံးပုံစံဖြင့် ကစားရမည်ဟု ၎င်းက ဆက်လက် ပြောသည်။

Goal Y Marca