နစ်မြုပ်သွားတဲ့ တောင်ကိုရီးယားသဘောင်္ပေါ်က ပျောက်ဆုံးသဘောင်္သား ၂၂ ဦးကို ရှာဖွေနေဆဲ

ဥရုဂွေးဟာ ကမ်းလွန်ပင်လယ်ပြင်မှာ နစ်မြုပ်သွားတဲ့ တောင်ကိုရီးယား ကုန်တင်သင်္ဘောတစ်စီးပေါ် လိုက်ပါလာတဲ့ ပျောက်ဆုံး သဘောင်္သား ၂၂ ဦးကို ဆက်လက်ရှာဖွေနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အသက်ရှင်သူ သဘောင်္သားနှစ်ဦးကို ရှာတွေ့ထားတယ်လို့လည်း သိရပါတယ်။

 

အသက်ရှင်တဲ့ ဖိလစ်ပိုင်သဘောင်္သားနှစ်ဦးကို ခရီးသည်တင်သဘောင်္တစ်စီးက စနေနေ့က အသက်ကယ် လှေတစ်စီးနဲ့အတူ ရှာတွေ့ခဲ့တာဖြစ်ပြီး ကျန်းမာရေးကောင်းတယ်လို့ ဆိုပါတယ်။ အသက်ရှင်သူတွေ အပြောအရ Stella Daisy သဘောင်္ဟာ ထက်ပိုင်းကျိုးပြီး နစ်မြုပ်ခဲ့တယ်လို့ သိရကြောင်း ဥရုဂွေးရေတပ် ပြောခွင့်ရသူ ဂျောင်ဆိုလိုက အေပီသတင်းဌာနကို ပြောပါတယ်။

ဘရာဇီးရေတပ် လေယာဉ်တစ်စင်းလည်း ရှာဖွေရေးအဖွဲ့မှာ ပူးပေါင်းပါဝင်နေပြီး ဥရုဂွေးကမ်းလွန် ၂၄၅၈ မိုင် ပတ်လည်ကို ရှာဖွေနေတယ်လို့ သိရပါတယ်။ အာဂျင်တီးနားရေတပ်လည်း ကူညီပေးနေတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနအဆိုအရတော့ သဘောင်္ကုမ္ပဏီနဲ့ အဆိုပါ သဘောင်္ဟာ သဘောင်္သားတစ်ယောက်ရဲ့ သင်္ဘောထဲရေဝင်နေပြီဆိုတဲ့ စာသားမက်ဆေ့ခ်ျတစ်ခုရပြီး သိပ်မကြာခင် သောကြာနေ့မှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာလို့ ဆိုပါတယ်။

သဘောင်္ပေါ်မှာ သဘောင်္ဝန်ထမ်း ၂၄ ဦးပါဝင်ပြီး ၈ ဦးက တောင်ကိုရီးယားသားတွေဖြစ်ကာ ကျန် ၁၆ ဦးက ဖိလစ်ပိုင်တွေဖြစ်တယ်လို့ သိရပါတယ်။ ယင်းသဘောင်္ဟာ မာရှယ်ကျွန်းမှာ မှတ်ပုံတင်ထားတဲ့ သဘောင်္ လို့လည်း ဆိုပါတယ်။

Kumudra