သပြေကုန်းရပ်ကွက်တွင်ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်း ရပ်ကွက်တွင် ပြည်ခိုင်ဖြိုးပါတီမှဦးဆောင်၍ ခြင်ဆေးမှုတ်ခြင်းများကို ယမန်နေ့ နံနက် ၈ နာရီခွဲမှစ၍ ဆောင်ရွက်ခဲ့သည်။

၎င်းခြင်ဆေးမှုတ်ခြင်းကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်း လှိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ သပြေကုန်းရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးစိုးထူးနှင့်အဖွဲ့ဝင်များ၊ နယ်မြေတာဝန်ခံ ဦးစိုင်းလွယ်၊ သပြေကုန်းရပ်ကွက် ပါတီခေါင်းဆောင် ဦးလှအောင်နှင့် ပါတီကော်မတီ ဝင်များ၊ အမာခံပါတီဝင်များလိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)