ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအကြို ကိုယ်စားလှယ်ရွေးချယ်မှု ဒီဇင်ဘာအတွင်း ပြုလုပ်မည်

ပအိုဝ်းအမျိုးသားအ ဆင့် နိုင်ငံရေးဆွေးနွေးပွဲသို့တက် ရောက်မည့်ဒေသအလိုက် ကိုယ် စားလှယ်များရွေးချယ်မှုကို ယခု ဒီဇင်ဘာအတွင်း ပြုလုပ်မည်ဖြစ် ပြီး ကိုယ်စားလှယ် ၅၀၀ ဦးရွေး ချယ်ရန် သတ်မှတ်ထားကြောင်း သတင်းရရှိသည်။

ထိုသို့ရွေးချယ်ရာတွင် ပအိုဝ်းတိုင်းရင်းသားများနေထိုင် သည့် ရှမ်းပြည်နယ်တောင်ပိုင်းမှ ကိုယ်စားလှယ် ၂၀၀ ဦး၊ ကရင်ပြည်နယ်မှ ၅၀ ဦး၊ မွန်ပြည်နယ်မှ ၅၀ ဦး၊ ပအိုဝ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (PNLO) မှ ၃၀ ဦး၊ ပအိုဝ်းနိုင်ငံရေးပါတီမှ ၃၀ ဦး အပါအဝင် ပအိုဝ်းလူမှုအဖွဲ့အစည်းများ၊ စာပေယဉ်ကျေးမှုအဖွဲ့များမှ ကိုယ်စားလှယ်များအား ရွေးချယ် မည်ဖြစ်ကြောင်း PNLO တာ ဝန်ရှိသူများက ဆိုသည်။

‘‘ကျွန်တော်တို့က ကျင်းပ ရေးကော်မတီဖွဲ့ပြီးပြီ။ ဖွဲ့ပြီးတော့ဒေသအလိုက် ဆွေးနွေးပွဲတွေ လုပ်ဖို့ ပြင်ဆင်မှုတွေ လုပ်နေပါ တယ်။ ကျွန်တော်တို့က ရှမ်းပြည် တောင်ပိုင်း၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန် တိုင်း၊ မန္တလေးတိုင်းတွေမှာ အ ကြိုဆွေးနွေးပွဲတွေလုပ်ဖို့ရှိပါ တယ်။ အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲတွေ တက်ဖို့အ တွက် ဒေသအလိုက်၊ ကိုယ်စား လှယ်အဖွဲ့အစည်းအလိုက်၊ ကိုယ် စားလှယ် အလွှာလိုက် ကိုယ်စား လှယ် အဲဒါတွေ ရွေးချယ်ဖို့ဖြစ်ပါ တယ်’’ဟု PNLO ဥက္ကဋ္ဌ ခွန်မြင့် ထွန်းက ပြောသည်။

ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေး ကော်မတီကို ပအိုဝ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ ပအိုဝ်းနိုင်ငံ ရေးပါတီများနှင့် ပအိုဝ်းတိုင်းရင်း သားအရပ်ဘက်လူမှုအဖွဲ့အ စည်းများမှ ကိုယ်စားလှယ်စုစု ပေါင်း ၈၃ ဦးဖြင့် ဖွဲ့စည်းထား သည်။

‘‘ဒေသအလိုက် အကြိုညှိ နှိုင်းပွဲတွေ ကျင်းပဖို့ လူခွဲထားပါ တယ်။ ဒေသအလိုက် ညှိနှိုင်းပွဲ တွေ ဒီလအတွင်း ပြီးအောင်လုပ် ပြီးတော့ ကိုယ်စားလှယ်စုံတာနဲ့ တောင်ကြီးမှာ လူမျိုးအလိုက် ဆွေးနွေးပွဲမှာ ကျင်းပသွားမှာဖြစ် ပါတယ်’’ဟု PNLO ဦးဆောင်နာ ယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကိုယ်စား လှယ် ၅၀၀ ဦးဖြင့် တောင်ကြီးမြို့ ၌ ၂၀၁၇ ဇန်နဝါရီတွင် ကျင်းပရန် သတ်မှတ်ထားသည်။

ပအိုဝ်းအမျိုးသားအဆင့် ဆွေးနွေးပွဲကျင်းပရန် ကြီးကြပ် ရေးကော်မတီကို PNLO မှ ကိုယ် စားလှယ်သုံးဦး၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)ပါတီမှ သုံးဦးရွေး ချယ်ထားပြီးဖြစ်ကြောင်း သတင်း ရရှိသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား NCA လက်မှတ်ရေးထိုးမှုတစ်နှစ် ကြာသည်အထိ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို စတင် ကျင်းပနိုင်ခြင်းမရှိသေး၍ အဆင် သင့်ဖြစ်သည့် ဒေသများ၌စတင် ကျင်းပရန် ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)က ဆုံးဖြတ်ထားသည်။

# 7 Day Daily


Leave a Reply