ပရီးမီးယားလိဂ္ၿပိဳင္ပြဲ သမိုင္းတစ္ေလၽွာက္ ဂိုးဖန္တီးမႈအမ်ားဆုံး ကစားသမားစာရင္းတြင္ ရြန္းနီ၏စံခ်ိန္ကို ဒီဘရိုင္းလိုက္မီ

ဇန္နဝါရီ ၁၇

မန္စီးတီးအသင္း ကြင္းလယ္ကစားသမား ဒီဘရိုင္းသည္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ သမိုင္းတစ္ေလၽွာက္ ဂိုးဖန္တီးမႈအမ်ားဆုံး ကစားသမားစာရင္းတြင္ မန္ယူအသင္း ကစားသမားေဟာင္း ရြန္းနီ၏ စံခ်ိန္ကို လိုက္မီနိုင္ခဲ့ေၾကာင္း သိရပါတယ္။

နယူး ကာဆယ္အသင္းကို မန္စီးတီးအသင္းက ၃ ဂိုး – ၂ ဂိုး ျဖင့္ အနိုင္ရရွိသည့္ပြဲစဥ္တြင္ ဒီဘရိုင္းက အသင္းႏွင့္ အတူ အေကာင္းဆုံးေျခစြမ္းၿပ ကစားနိုင္ခဲ့ကာ ပြဲခ်ိန္ ၇၄ မိနစ္တြင္ ကိုယ္တိုင္သြင္းဂိုးတစ္ဂိုး သြင္းယူနိုင္ခဲ့သကဲ့သို႔ ပြဲခ်ိန္ ၉၁ မိနစ္တြင္လည္း ေအာ္စကာေဘာ့၏ သြင္းဂိုးကို ဖန္တီးမႈျပဳလုပ္နိုင္ခဲ့ပါတယ္။

ထို႔ေၾကာင့္ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ယူအသင္း ကစားသမားေဟာင္း တစ္ဦးျဖစ္သည့္ ရြန္းနီ၏ဂိုးဖန္တီးမႈ ၁၀၃ ႀကိမ္စံခ်ိန္ကို လိုက္မီနိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ ၿပိဳင္ပြဲသမိုင္းတစ္ေလၽွာက္ ဂိုးဖန္တီးမႈအမ်ားဆုံး ကစားသမားစာရင္းတြင္ တတိယေနရာသို႔ ေရာက္ရွိလာျခင္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ၿပိဳင္ပြဲ သမိုင္းတစ္ေလၽွာက္ ဂိုးဖန္တီးမႈ အမ်ားဆုံး ကစားသမားစာရင္းတြင္ မန္ယူအသင္း ကစားသမားေဟာင္း ရိုင္ယန္ဂစ္က ၁၆၂ ႀကိမ္ျဖင့္ ထိပ္ဆုံး၌ရပ္တည္ေနၿပီး ၎၏ေနာက္တြင္ အာဆင္နယ္အသင္း ကစားသမားေဟာင္း ဖာဘရီဂက္စ္က ၁၁၅ ႀကိမ္ျဖင့္ ဒုတိယေနရာ၌ ရပ္တည္ေနေၾကာင္း သိရပါတယ္။

=============

ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှုအများဆုံး ကစားသမားစာရင်းတွင် ရွန်းနီ၏စံချိန်ကို ဒီဘရိုင်းလိုက်မီ

ဇန်နဝါရီ ၁၇

မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဒီဘရိုင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှုအများဆုံး ကစားသမားစာရင်းတွင် မန်ယူအသင်း ကစားသမားဟောင်း ရွန်းနီ၏ စံချိန်ကို လိုက်မီနိုင်ခဲ့ကြောင်း သိရပါတယ်။

နယူး ကာဆယ်အသင်းကို မန်စီးတီးအသင်းက ၃ ဂိုး – ၂ ဂိုး ဖြင့် အနိုင်ရရှိသည့်ပွဲစဉ်တွင် ဒီဘရိုင်းက အသင်းနှင့် အတူ အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့ကာ ပွဲချိန် ၇၄ မိနစ်တွင် ကိုယ်တိုင်သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သကဲ့သို့ ပွဲချိန် ၉၁ မိနစ်တွင်လည်း အော်စကာဘော့၏ သွင်းဂိုးကို ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

ထို့ကြောင့် မြို့ခံပြိုင်ဘက် မန်ယူအသင်း ကစားသမားဟောင်း တစ်ဦးဖြစ်သည့် ရွန်းနီ၏ဂိုးဖန်တီးမှု ၁၀၃ ကြိမ်စံချိန်ကို လိုက်မီနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးဖန်တီးမှုအများဆုံး ကစားသမားစာရင်းတွင် တတိယနေရာသို့ ရောက်ရှိလာခြင်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှု အများဆုံး ကစားသမားစာရင်းတွင် မန်ယူအသင်း ကစားသမားဟောင်း ရိုင်ယန်ဂစ်က ၁၆၂ ကြိမ်ဖြင့် ထိပ်ဆုံး၌ရပ်တည်နေပြီး ၎င်း၏နောက်တွင် အာဆင်နယ်အသင်း ကစားသမားဟောင်း ဖာဘရီဂက်စ်က ၁၁၅ ကြိမ်ဖြင့် ဒုတိယနေရာ၌ ရပ်တည်နေကြောင်း သိရပါတယ်။