တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ႏွင့္ ႐ုရွားသမၼတ ဗလာဒီမာပူတင္ ရပ္ဝန္းႏွင့္ပိုးလမ္းမဆိုင္ရာ နိုင္ငံတကာဖိုရမ္သို႔ တက္ေရာက္

ေအာက္တိုဘာ ၁၉

တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ႏွင့္ ႐ုရွားသမၼတ ဗလာဒီမာပူတင္ တို႔သည္ ေပက်င္းၿမိဳ႕ေတာ္၌ ယေန႔က်င္းပသည့္ ရပ္ဝန္းႏွင့္ ပိုးလမ္းမဆိုင္ရာ နိုင္ငံတကာဖိုရမ္သို႔ တက္ေရာက္မိန႔္ခြန္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ေခါင္းေဆာင္ႏွစ္ဦးသည္ ႏွစ္နိုင္ငံအေရးကိစၥရပ္မ်ားအေပၚ ေဆြးေႏြးခဲ့ၾကသည္။
တ႐ုတ္ႏွင့္ ႐ုရွားႏွစ္နိုင္ငံ၏ ဖြံ့ၿဖိဳးတိုးတက္မႈႏွင့္ နိုင္ငံ တကာတရားမၽွတမႈကို ထိန္းသိမ္းရန္ ကမၻာတစ္ဝန္း ဘုံဖြံ့ၿဖိဳးတိုးတက္ေရးကို ျမႇင့္တင္ေဆာင္ရြက္သြားမည္ဟု သမၼတရွီက်င့္ဖ်င္က ဆိုသည္။

လက္ရွိအေျခအေနမ်ားကို ရင္ဆိုင္ရာတြင္ ႏွစ္နိုင္ငံအေနျဖင့္ အနီးကပ္ညႇိႏွိုင္းေဆာင္ရြက္ရန္ အထူးလိုအပ္ေၾကာင္း ပူတင္က ေျပာၾကားသည္။ ေခါင္း ေဆာင္ႏွစ္ဦးသည္ တ႐ုတ္နိုင္ငံ၏ ရပ္ဝန္းႏွင့္ ပိုးလမ္း မ အေကာင္အထည္ေဖာ္ ေဆာင္ရြက္မႈကို အသိ အမွတ္ျပဳၿပီး ဖြံ့ၿဖိဳးဆဲနိုင္ငံမ်ားႏွင့္ ကုန္ သြယ္မႈျမႇင့္တင္ရန္ ကတိကဝတ္ျပဳထားေၾကာင္း သိရသည္။

ရပ္ဝန္းႏွင့္ပိုးလမ္းမဆိုင္ရာ နိုင္ငံတကာဖိုရမ္သို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္အပါအဝင္ အင္ဒိုနီးရွားႏွင့္ ကာဇက္စတန္ ေခါင္း ေဆာင္မ်ားႏွင့္ အျခားေသာ နိုင္ငံ ေခါင္းေဆာင္မ်ားလည္း တက္ေရာက္ၾကသည္။

======================

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် ရပ်ဝန်းနှင့်ပိုးလမ်းမဆိုင်ရာ နိုင်ငံတကာဖိုရမ်သို့ တက်ရောက်

အောက်တိုဘာ ၁၉

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် တို့သည် ပေကျင်းမြို့တော်၌ ယနေ့ကျင်းပသည့် ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာ နိုင်ငံတကာဖိုရမ်သို့ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံအရေးကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်။
တရုတ်နှင့် ရုရှားနှစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ တကာတရားမျှတမှုကို ထိန်းသိမ်းရန် ကမ္ဘာတစ်ဝန်း ဘုံဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်သွားမည်ဟု သမ္မတရှီကျင့်ဖျင်က ဆိုသည်။

လက်ရှိအခြေအနေများကို ရင်ဆိုင်ရာတွင် နှစ်နိုင်ငံအနေဖြင့် အနီးကပ်ညှိနှိုင်းဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း ပူတင်က ပြောကြားသည်။ ခေါင်း ဆောင်နှစ်ဦးသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်း မ အကောင်အထည်ဖော် ဆောင်ရွက်မှုကို အသိ အမှတ်ပြုပြီး ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ကုန် သွယ်မှုမြှင့်တင်ရန် ကတိကဝတ်ပြုထားကြောင်း သိရသည်။

ရပ်ဝန်းနှင့်ပိုးလမ်းမဆိုင်ရာ နိုင်ငံတကာဖိုရမ်သို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အပါအဝင် အင်ဒိုနီးရှားနှင့် ကာဇက်စတန် ခေါင်း ဆောင်များနှင့် အခြားသော နိုင်ငံ ခေါင်းဆောင်များလည်း တက်ရောက်ကြသည်။