ရှမ်းပြည်နယ်(မြောက်ပိုင်း) ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ဘုရားထီးတင်ပွဲသို့ တက်ရောက်ကြည်ညို

လားရှိုး နိုဝင်ဘာ ၁၇

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၇) ရက်နေ့နံနက်(၇) နာရီ မိနစ်(၃၀)တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း၊ ပြည်နယ်အတွင်းရေးမှူးဒေါက်တာလဆိုင်း၊ ပြည်နယ်ပါတီဝင်ဦးကျော်ဇောဝင်း၊ ပြည်နယ်ပါတီဝင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပါတီအတွင်းရေးမှူး ဦးလျိုမောင်မောင် ဦးဆောင်သော ခရိုင်နှင့်မြို့နယ်ပါတီဝင်များသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ အောင်သစ္စာရပ်ကွက်၊ မဟာဝိဇယာရာမကျောင်းတိုက်အတွင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များမှ ဝိုင်းဝန်းလှူဒါန်းပူဇော် တည်ထားကိုးကွယ်ထားသော ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးထီးတော်တင် ဆပ်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ကြည်ညိုပြီး လှူဒါန်းဖွယ်ရာများကို ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး ဘာသာ သာသနာအတွက် လိုအပ်သည်များကို မိန့်ကြားပါရန် ဆရာတော်အရှင်မြတ်များ အား လျှောက်ထားခဲ့ကြောင်း သိရှိရပါသည်။